ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် မကွေးတိုင်းဒေသကြီးအတွင်း မြေပဲ၊ နှမ်း၊ ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် မကွေးတိုင်းဒေသကြီးအတွင်း မြေပဲ၊ နှမ်း၊ ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်


နေပြည်တော်၊ ဇူလိုင် ၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့က စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များနှင့်အတူ မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ဂွေးချိုအုပ်စုရှိ တောင်သူများနှင့်တွေ့ဆုံ၍ မြေပဲ၊ နှမ်း၊ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင်မြင် ရေးဆွေးနွေးကြသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက စိုက်ပျိုးရေးပညာရှင်များနှင့် တောင်သူများအကြား စဉ်ဆက်မပြတ် ထိတွေ့မှုရှိစေရေးအတွက် အီလက်ထရောနစ် ဆက်သွယ်မှုနည်းပညာအပါအဝင် သင့်တော်သည့်နည်းလမ်းများကို အသုံးပြုပြီး တောင်သူအခက်အခဲနှင့် လိုအပ်ချက်ကို သိရှိကူညီဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းပေးကြရန်လိုကြောင်း၊ စိုက်ပျိုးမြေများအားလုံး ကွက်ပြည့်စိုက်ပျိုးနိုင်ရေးနှင့် လယ်ယာမြေဥပဒေပါ ပြဋ္ဌာန်းချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရေး ထိန်းကျောင်းကြပ်မတ်ရန် လိုအပ်ကြောင်း၊ အခြေအနေပေးသည့် ဒေသများတွင် မြေလပ်မထားဘဲသင့်တော်သည့် သီးနှံပုံစံဖြင့် တစ်နှစ်ပတ်လုံး အောင်အောင်မြင်မြင် စိုက်ပျိုးလုပ်ကိုင်နိုင်ရန် သက်ဆိုင်ရာကဏ္ဍများက ဝိုင်းဝန်းကူညီအားပေးကြရန် လိုအပ်သကဲ့သို့ တစ်ဧကတွင်ဝင်ဆံ့သည့်အပင်ဦးရေအပြည့် စိုက်ပျိုးနိုင်ရေးအပါအဝင် ပန်းတိုင်အထွက်ရရှိ ရေး၊ သီးနှံစိုက်ဧကနှင့် အထွက်နှုန်းဆိုင်ရာ အချက်အလက်ကိန်း ဂဏန်းစာရင်းဇယားများ မှန်ကန်စေရေးတို့ကို အလေးဂရုပြု ဆောင်ရွက်ကြရန်ဆွေးနွေး ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး သည် ကျောက်ပန်းတောင်းမြို့နယ်ကြံစို့ကျေးရွာ ကွင်းအမှတ် (၂၀၀၇) ရှိ တောင်သူဦးအောင်မောင်း၏ စိုက်ကွင်းတွင် စိုက်ပျိုးထားသည့် ဆီထွက်သီးနှံ အထူးဇုန်(မိုးနှမ်း) စိုက်ခင်းဖြစ်ထွန်းအောင်မြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး နှမ်းသီးနှံမျိုးကောင်းမျိုးသန့်များ ပြောင်းလဲအသုံးပြုနိုင်ရေးနှင့် နှမ်းစိုက်နည်း စနစ်ဆိုင်ရာများ အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)