ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၌ ကျင်းပသော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းနှင့် စကားဝိုင်းဆွေးနွေးပွဲတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၌ ကျင်းပသော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းနှင့် စကားဝိုင်းဆွေးနွေးပွဲတက်ရောက်




စစ်တွေ   ၊  ဇွန် ၂၂


ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းနှင့် စကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့နံနပိုင်းက အဆိုပါရုံးသင်တန်းခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းသိန်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။


ဦးစွာ သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်းစီ မိတ်ဆက်စကားပြောကြားကြသည်။ ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေတွင် ဝန်ထမ်းများအနေဖြင့် ဝန်ထမ်း၏ စည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ်များနှင့်အညီ ဌာန၏လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်နှင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် (Human Resource Department) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်မှာလည်း အရေးကြီးသည့်အတွက် ဝန်ထမ်းများအနေဖြင့် ပိုမိုကြိုးစားဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားသည်။


ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ထွန်းသိန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးတင်ပြပြီး သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။


သင်တန်းနှင့်စကားဝိုင်းဆွေးနွေးပွဲကို ဘက်စုံအရည်အချင်းပြည့်မီသော ငါးလုပ်ငန်းဆိုင်ရာ  ပညာရှင်များ ဖြစ်စေရန်၊ လက်ရှိဖြစ်ပေါ်နေသောဒေသတွင်း မတည်ငြိမ်မှုများကာလအတွင်း ဝန်ထမ်းများ၏ စိတ်ဓာတ်များ အစဉ်တက်ကြွစွာဖြင့် တာဝန်ထမ်းဆောင်နိုင်စေရန်၊ သုတေသနကို အခြေခံသော ငါးလုပ်ငန်းစီမံအုပ်ချုပ်မှုအစီအမံများရေးဆွဲဆောင်ရွက်နိုင်စေရန်နှင့် ကောင်းမွန်သောရေသတ္တဝါ မွေးမြူရေးလုပ်ငန်းစဉ်များအား မွေးမြူရေးတောင်သူများကို ထပ်ဆင့်အသိပညာဖြန့်ဖြူးပေးနိုင်စေရန် ရည်ရွယ်ပြီးဖွင့်လှစ်သင်ကြားခြင်း ဖြစ်သည်။


အဆိုပါသင်တန်းသို့ ဦးစီးဌာနအတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ ၃၀ ဦး တက်ရောက်လျက်ရှိပြီး ပြည်နယ်ဦးစီးမှူးနှင့် ကျွမ်းကျင်ပညာရှင်များက ရက်သတ္တတစ်ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)