လက်ပံတန်း ၊ ဇူလိုင် ၅
ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် အကျင့်စာရိတ္တကောင်းမွန်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက အ.မ.က(ပေါက်ကုန်း)ကျောင်းသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကြည်မြတ်နွယ်က လူငယ်၊ လူရွယ်များ အကျင့်စာရိတ္တကောင်းမွန်၍ အမှားအမှန် ဝေဖန်ပိုင်းခြား သိမြင်နိုင်စေရန်၊ အသိပညာဗဟုသုတများကို ပြန်လည်မျှဝေတက်စေရန်နှင့် အများရှေ့တွင် ပြောဆိုဆက်ဆံတတ်သည့် အလေ့အကျင့်ရရှိစေရန် ရည်ရွယ်၍ “ဗလငါးတန်ဖွံ့ဖြိုးဖို့ စာဖတ်ခြင်းကို မြှင့်တင်စို့” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်စုဝေနှင်းမှ စက္ကူပြဇာတ်နှင့် ပုံပြင်ပြောခြင်းများဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် သက်ငယ်မုဒိမ်းမှုပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment