နေပြည်တော်၊ ဇူလိုင် ၂၈
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ဇူလိုင်လ ၂၆ ရက်နေ့ ၁၉၁၀ အချိန် အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်ရှိ ကားဂိတ်တွင် ပလတ်စတစ်ထိုင်ခုံများ လာရောက်ပို့ဆောင်သူ မညိုညိုလွင် အား စစ်ဆေးရှာဖွေရာ ၎င်းပို့ဆောင်သည့် ထိုင်ခုံအောက်အတွင်းမှ ဘိန်းဖြူ အလေးချိန် ၁.၈၇၂ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၆၁.၆ သိန်း)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၁၉၇၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၃၉.၄ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မညိုညိုလွင်(၅၀)နှစ်အား အမှတ်(၅)မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment