ပြည်ဖျက်မိစ္ဆာတွေဖန်တီးတဲ့ အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်နှင့် နိုင်ငံတော်၏ နစ်နာဆုံးရှုံးမှုများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ဖျက်မိစ္ဆာတွေဖန်တီးတဲ့ အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်နှင့် နိုင်ငံတော်၏ နစ်နာဆုံးရှုံးမှုများ



၂၀၂၀ ရွေးကောက်ပွဲကြီးမှာ မဲလိမ်မဲခိုးပြီး အာဏာသက်ဆိုးရှည်ဖို့ လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်ဟာ မအောင်မြင်ခဲ့ပါဘူး။ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူလိုက်တဲ့ ၂၀၂၁ ကစလို့ တိုင်းဖျက် ပြည်ဆူ ဖြစ်အောင် ဖန်တီးလုပ်ဆောင်ခဲ့ကြတာ ယနေ့ထိအောင်ပဲ မဟုတ်ပါလား။

NLD ပါတီလို့ အမည်ခံထားတဲ့ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေ စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းရဲ့ အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်ကို အများပြည်သူ သိမြင်လွယ်အောင် လိုတိုရှင်းပဲ ဖော်ပြသွားပါမယ်။ အလုံးစုံပျက်သုဉ်းရေးကို ဖော်ဆောင်နေတဲ့ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေအတွက် တိုင်းပြည်နစ်နာဆုံးရှုံးသမျှ သူတို့ရဲ့ အမြတ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အတွက် ပြည်သူတွေရဲ့ နစ်နာဆုံးရှုံးမှုကတော့ တွက်ဆပြမလို့ မရနိုင်တဲ့ ပမာဏဖြစ်ပါလာပါတယ်။

NLD ဦးဆောင်သူတွေနဲ့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းအမည်ခံ ပြည်ဖျက်မိစ္ဆာတွေက တိုင်းဖျက် ပြည်ဆူ အလုံးစုံပျက်သုဉ်းရေးကို စတင်ဖော်ဆောင်ရာမှာ လူငယ်တွေကို အဓိက ပစ်မှတ်ထားပြီး နိုင်ငံရေးမှိုင်းတိုက်ခဲ့ကြပါတယ်။ သူတို့ရဲ့ လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေက ဇာတ်နာလွန်းတော့ တိုင်းဖျက် ပြည်သူ ဆူပူအကြမ်းဖက်လှုပ်ရှားမှုတွေမှာ လူငယ်တွေ ပါဝင်လာကြတယ်။ တိုင်းပြည်ကို ကောင်းကျိုးပြုရမယ့် လူငယ်ထုဟာ အများပြည်သူကို ကောင်းကျိုးပြုရမယ့် လုပ်ငန်းစဉ်တွေမှာ ပါဝင်လှုပ်ရှား ဆောင်ရွက်နေကြရမှာ ဖြစ်ပမေယ့် ဆူပူအကြမ်းဖက်လမ်းစဉ်မှာ ပါဝင်လှုပ်ရှားနေကြတဲ့အတွက် ပထမဆုံး နစ်နာဆုံးရှုံးမှုက လူ့စွမ်းအားအရင်းအမြစ် ဖြစ်ပါတယ်။ လူငယ်တွေရဲ့ စွမ်းအားကို တိုင်းပြည်ရဲ့ ကောင်းရာကောင်းကျိုး ဖြစ်စေမယ့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍတွေမှာ အသုံးချခွင့်မရဘဲ ပညာရေးကို ကမောက်ကမဖြစ်အောင် လုပ်တဲ့ လူငယ်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများမှာ အဖျက်အမှောင့်လုပ်တဲ့ လူငယ်တွေ၊ အများအကျိုး ဆောင်ရွက်ရမယ့် လူငယ်တွေက အများပြည်သူ အတိဒုက္ခရောက်အောင် လုပ်တဲ့ လူငယ်တွေ ဖြစ်လာတဲ့အတွက် လူ့စွမ်းအား အရင်းအမြစ်တွေ များစွာ ဆုံးရှုံးခဲ့ရပါတယ်။

NLD ဦးဆောင်သူတွေနဲ့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းအမည်ခံ ပြည်ဖျက်မိစ္ဆာတွေက နောက်တစ်ဆင့် အရှိန်မြှင့်တင်တဲ့အနေနဲ့ ဒီလူငယ်တွေကို KNU, KIA အဖွဲ့များထံ စည်းရုံးသိမ်းသွင်း ခေါ်ဆောင်သွားပြီး လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်လာကြပါတယ်။ အကြမ်းဖက်သင်တန်း တက်ပြီးဖြစ်တဲ့ နီပိန်း လူငယ်တွေဟာ စစ်သွေးကြွအကြမ်းဖက်သမားလေးတွေ ဖြစ်လာတဲ့အခါ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ပြီး ကိုယ့်ရွာသားအချင်းချင်း ငါနဲ့မတူ ငါ့ရန်သူ ဒလန်၊ ဘောမ၊ စစ်ခွေး အစရှိသဖြင့် ပြည်ဖျက်မိစ္ဆာတွေ လုပ်ကြံဖန်တီး သုံးစွဲတဲ့ ဝေါဟာရတွေနဲ့ စွဲချက်တင်ပြီး ရက်စက်စွာ သတ်ဖြတ်မှုတွေ ကျူးလွန်လာကြပြန်ပါတယ်။ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကိုလည်း အကြိမ်ပေါင်းများစွာ ကျူးလွန်ခဲ့ကြပြီး ဖြစ်ပါတယ်။ နီပိန်းများက KNU, KIA လက်နက်ကိုင်အဖွဲ့များထံမှာ တပည့်ခံပြီးတဲ့နောက် PDF အမည်ခံ အကြမ်းဖက်သမားများ ဖြစ်လာတဲ့အခါမှာ ငါနဲ့မတူ ငါ့ရန်သူလို သဘောထားပြီး သတ်ဖြတ်ရုံမျှ အားမရပါဘူး။ သံဃာတော်များကိုလည်း သတ်ဖြတ်ခဲ့ကြသလို ဆရာ/ ဆရာမများကိုလည်း သတ်ဖြတ်ခဲ့ကြပါတယ်။ အဆိုးရွားဆုံး လုပ်ရပ်တွေကတော့ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တဲ့အချိန်မှာ နီပိန်း ပဒက် အကြမ်းဖက်သမားများဟာ စာသင်ကျောင်းများကိုပါ ဒရုန်းနဲ့ Drop Bomb ပစ်ချတိုက်ခိုက်တာတွေ လုပ်ဆောင်ခြင်းဟာ အခြေခံပညာသင်ကျောင်းသားများပင် ပညာသင်ကြားခွင့် မရအောင် လုပ်ဆောင်တဲ့ မိုက်မဲရမ်းကာလွန်းရာကျသော လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကတော့ အခြေခံ လူ့စွမ်းအားအရင်းအမြစ်ကိုပါ ဖျက်ဆီးတဲ့ သဘောပဲ ဖြစ်ပါတယ်။

PDF အမည်ခံ အကြမ်းဖက်သမားများက အကြမ်းဖက်လှုပ်ရှားမှုများ ဆောင်ရွက်ရာမှာ ရုံးဌာနတွေကို မီးရှို့ဖျက်ဆီးတာ၊ မိုင်းခွဲဖျက်ဆီးတာတွေလည်း လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါကတော့ အခြေခံ အဆောက်အဦးများ ပျက်စီးဆုံးရှုံးရခြင်း ဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ မွန်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတွေမှာ PDF အမည်ခံ အကြမ်းဖက်သမားများကို အသုံးချပြီး KNU, KNLA အကြမ်းဖက်အဖွဲ့များကလည်း လမ်းတံတားတွေကို ဖျက်ဆီးခဲ့ကြသလို ရထားလမ်းများကိုပါ အကြိမ်ကြိမ်အခါခါ မိုင်းခွဲဖျက်ဆီးတာမျိုးတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ အလားတူ ကချင်ပြည်နယ်မှာလည်း KIA က လမ်းတံတားများကို မိုင်းခွဲဖျက်ဆီးတဲ့ လုပ်ရပ်တွေ လုပ်ဆောင်ခဲ့ကြပါတယ်။

အခုတော့ ရှမ်းပြည်(မြောက်ပိုင်း)မှာ MNDAA, TNLA အကြမ်းဖက်အဖွဲ့များက လမ်းတံတားတွေကို ဖျက်ဆီး၊ လျှပ်စစ်ဓာတ်အားပေးရုံတွေကို ဖျက်ဆီးတဲ့ လုပ်ရပ်တွေ လုပ်ဆောင်ခဲ့ကြပါတယ်။ ရှမ်းပြည်(မြောက်ပိုင်း) နောင်ချိုမြို့ဟာ TNLA, PDF အကြမ်းဖက်အဖွဲ့များရဲ့ အစွမ်းကြောင့် မြို့ပျက်ကြီး ဖြစ်သွားရပြီ။ ရှမ်းပြည် (မြောက်ပိုင်း) ကို သွားမယ်ဆိုရင် တောလမ်းက ကွေ့ပတ်သွားဖို့တောင် မလွယ်တော့ဘူး။ လမ်းတွေကို ဘက်ဖိုးတွေနဲ့ တူးပြီး TNLA, MNDAA အဖွဲ့များက ဖျက်ဆီးထားလို့ သွားလာဖို့ မလွယ်တော့ပါဘူး။ TNLA, MNDAA က သူတို့ လိုချင်တဲ့နေရာကို ဘက်ဖိုးနဲ့ တူးပြီး လမ်းကြောင်းဖြတ် ရယူနေတဲ့ သဘောမျိုး ဖြစ်နေပါတယ်။

KIA, PDF အကြမ်းဖက်အဖွဲ့များရဲ့ လက်စွမ်းပြမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာလည်း ကောလင်း အပါအဝင် မြို့ရွာတွေ ပျက်စီးခဲ့ရတာ မနည်းပါဘူး။ ချင်းပြည်နယ်မှာလည်း ချင်းပဒက်များရဲ့ ပူးပေါင်းစွမ်းအားနဲ့ ဖွံ့ဖြိုးတိုးတက်လာတာမျိုးတော့ မတွေ့ရပါဘူး။ ထန်တလန်အပါအဝင် မြို့ရွာတွေ ပျက်စီးခဲ့ရတာကိုတော့ မျက်ဝါးထင်ထင် မြင်ခဲ့ရတယ် မဟုတ်ပါလား။ ရခိုင်ပြည်နယ်မှာလည်း AA အကြမ်းဖက်အဖွဲ့က မြို့ရွာတွေ ပျက်စီးအောင် လက်စွမ်းပြနေလေရဲ့ပေါ့။

ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေက တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်တာက တပ်မတော်ကို တော်လှန်တယ်လို့ အသံကောင်းဟစ်ပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ပစ်မှတ်ထားလုပ်ဆောင်လာတဲ့ အခါကြတော့ အေးချမ်းစွာ နေလိုတဲ့ ပြည်သူတွေလည်း နေလို့ မရတော့ဘူး။ 

ကိုယ့်ရပ်ကိုယ့်ရွာကို KIA, KNU, PDF အစရှိသော အကြမ်းဖက်သမားများ ဝင်ရောက်ဖျက်ဆီးတာမျိုး မခံရအောင် ပြည်သူ့စစ်တပ်ဖွဲ့များ ဖွဲ့စည်းပြီး ခုခံကာကွယ်ရတဲ့ အခြေအနေမျိုး ဖြစ်လာတယ်။ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်သမားဖြစ်နေတာလည်း ကိုယ့်တိုင်းရင်းသားတွေပဲ။ အဲဒီ ပြည်ဖျက်မိစ္ဆာတွေရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ရာလည်း ကိုယ့်တိုင်းရင်းသားတွေပဲ စုဖွဲ့ဆောင်ရွက်ကြရတယ်။ အဲဒီမှာ ထပ်မံပြီးတော့ စီးပွားရေး၊ ပညာရေးမှာ ကြိုးစားရုန်းကန်နေရမယ့် လူငယ်တွေအတွက် စစ်ရေးအတွက် ပါဝင်ဆောင်ရွက်ကြရ ပြန်တယ်။ လူ့စွမ်းအား အရင်းအမြစ်တွေကို အကြမ်းဖက်ဘေးအန္တရာယ် ကာကွယ်ရေးအတွက် အသုံးပြုရပြန်တယ်။

တိုင်းပြည်ကာကွယ်ရေးအတွက် ပြင်ဆင်ထားတဲ့ စစ်လက်နက်ပစ္စည်းတွေဟာ တိုင်းတပါးရန်ကို မကာကွယ်ရဘဲ ပြည်တွင်းသောင်းကျန်းသူများကို နှိမ်နင်းတဲ့နေရာမှာ အသုံးပြုနေရတယ်။ စစ်အသုံးစရိတ်တွေ ကုန်ရပြန်တယ်။

အဲဒီတော့ တွက်ဆကြည့်ကြပါတော့။ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုမှာ လူ့စွမ်းအား အရင်းအမြစ်တွေ ဆုံးရှုံးရတဲ့ အခြေအနေ၊ အခြေခံအဆောက်အဦတွေ ဆုံးရှုံးရတဲ့ အခြေအနေ၊ စစ်လက်နက်ပစ္စည်းတွေ ဆုံးရှုံးရတဲ့ အခြေအနေ အရပ်ရပ်ကို တွက်ဆကြည့်ရင် ဘာတွေ အကျိုးအမြတ်ရတာများ ရှိပါသလဲ။ 

ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေရဲ့ လုပ်ရပ်ကြောင့် ကောင်းကျိုးရတာမရှိပါဘူး။ သူတို့ကို ကြိုးကိုင်နေတဲ့ နောက်ကွယ် နိုင်ငံတွေ၊ အဖွဲ့အစည်းတွေအတွက်တော့ မြန်မာနိုင်ငံအတွင်းမှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေလိုခြင်းဖြစ်တဲ့အတွက် ပြည်ဖျက်မိစ္ဆာတွေရဲ့ လုပ်ရပ်တိုင်းအတွက် သူတို့တွေ အမြတ်ထွက်နေပါတယ်။ မြန်မာနိုင်ငံအတွက်၊ တိုင်းရင်းသားပြည်သူများအတွက်တော့ အရာရာမှာ ဆုံးရှုံးနစ်နာမှုတွေချည်းသာ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)