ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ (၈)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲ၊ (၂၈)ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန်ပြပွဲဆိုင်ရာဖွင့်ပွဲအခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများ တက်ရောက်ရန် ကူမင်းမြို့သို့ ထွက်ခွာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ (၈)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲ၊ (၂၈)ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန်ပြပွဲဆိုင်ရာဖွင့်ပွဲအခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများ တက်ရောက်ရန် ကူမင်းမြို့သို့ ထွက်ခွာ


မန္တလေး၊ ဇူလိုင် ၂၂

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပမည့် (၈)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ၊ (၂၈)ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန်ပြပွဲနှင့် ဆက်စပ်အခမ်းအနားများသို့တက်ရောက်ရန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က လေကြောင်းခရီးဖြင့် မန္တလေးမြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ ထွက်ခွာသွားသည်။

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် မန္တလေးမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ခေတ္တကောင်စစ်ဝန်ချုပ် မစ္စတာ ကျန်းဝေတို့က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ လိုက်လံပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါ ကုန်စည်ပြပွဲနှင့် ပို့ကုန်/သွင်းကုန်ပြပွဲများကို “စည်းလုံးညီညွတ်မှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရေး” ခေါင်းစဉ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရတို့ ပူးတွဲကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)