ရွှေတောင် ၊ ဇူလိုင် ၂၃
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စုများအနက် ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းခဲ့သဖြင့် အိမ်ထောင်စု အချို့မူလ နေအိမ်များသို့ ပြန်လည်ပြောင်းရွေ့နေထိုင်လျက်ရှိကြောင်းသိရသည်။
ထိုသို့ ဧရာဝတီမြစ်ရေ ကျဆင်းမှုကြောင့် မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက် နှင့်ကျေးရွာအုပ်စု( ၁၂) အုပ်စု ၊အိမ်ထောင်စု အချို့ရှိ အိမ်ခြေ ( ၁၉၇) ၊အိမ်ထောင်စု ( ၂၀၃)စု ၊လူဦးရေ( ၅၃၃) ဦးတို့အား ၎င်းတို့၏ မူလနေထိုင်ခဲ့သည့် နေအိမ်များသို့ ပြန်လည်ပြောင်းရွေ့နိုင်ရေးအတွက် ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွေ့ရန်အိမ်ခြေ( ၁၀၅၅) အိမ်၊အိမ်ထောင်စု ( ၁၁၀၃)စု၊လူဦးရေ (၃၈၄၄)ဦးကျန်ရှိသေးကြောင်းမြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့မှသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost


No comments:
Post a Comment