တာမွေ ၊ ဇူလိုင် ၁၆
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးကျော်ကျော်စိုးသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တာမွေမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှော ရောဂါ ဖြစ်ပွားခဲ့သည့်နေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးသည် တာမွေ မြို့နယ် ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ ပြည်ထောင်စုခန်းမ၌ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးလွင်နှင့် အဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ တာမွေ၊ တောင်ဥက္ကလာပ၊ ရန်ကင်း၊ သင်္ဃန်းကျွန်း စသည့် မြို့နယ်(၄)မြို့နယ်မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးများ၊ ခရိုင်/မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့သည်။ ထိုကဲ့သို့ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမှာစကား ပြောကြားရာတွင် “ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများအနေဖြင့် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ဒေသ၏လိုအပ်ချက်၊ ဆေးဝါးလိုအပ်ချက်၊ စီမံခန့်ခွဲမှုလိုအပ်ချက်၊ ပူးပေါင်း ဆောင်ရွက်မှုလိုအပ်ချက်၊ ကူညီပံ့ပိုးပေးရန်လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့ တိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ အချိန်နှင့်တစ်ပြေးညီ တင်ပြပေးစေလိုပါကြောင်း၊ လိုအပ်ချက်များအား မိမိတို့ အစိုးရ အဖွဲ့အနေဖြင့် အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း ဝမ်းပျက်/ ဝမ်းလျှောရောဂါဖြစ်ပွားမှု ကင်းစင်ပပျောက်သွားပြီဟု ကြေညာနိုင်ရန် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများအနေဖြင့် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း ” စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးလွင်၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာခင်သီတာဦး၊ သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ မြို့နယ်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် တက်ရောက်လာကြသူများက လက်ရှိအခြေအနေတွင် ဆောင်ရွက် လျက်ရှိသည့် ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ရှေ့ဆက်လုပ်ဆောင်သွား မည့် လုပ်ငန်းစီမံချက်များအား အသီသီးတင်ပြခဲ့ကြရာ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးနှင့် သက်ဆိုင် ရာတာဝန်ရှိသူများသည် တာမွေမြို့နယ်အတွင်း ဝမ်းပျက်/ ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့် တာမွေကြီး (ခ)ရပ်ကွက် ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ လူနေအိမ်များတွင် နေထိုင်ကြသော ပြည်သူများ၏ နေထိုင်စားသောက်မှုအခြေ အနေများ၊ ကျန်းမာရေးအခြေအနေများကို အဓိကထား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် မြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး တိတိကျကျလိုက်နာ ဆောင်ရွက်နိုင်ကြစေရန် အသိပညာပေး ဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost



No comments:
Post a Comment