မန္တလေး ၊ ဇူလိုင် ၁၅
(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် အာဇာနည်စိတ်ဓာတ်နှင့် ကျောင်းသားများ၏တာဝန် ခေါင်းစဉ်ဖြင့် ကျင်းပရာ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ (၁၆) ဦး၊ အလယ်တန်းအဆင့်တွင် ကျောင်းသားကျောင်းသူ (၃၇)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကဗျာရေးစပ်ပြိုင်ပွဲတွင် အာဇာနည်ရဲ့သတ္တိ ခေါင်းစဉ်ဖြင့် ကျင်းပရာ အထက်တန်းအဆင့်တွင် (၈)ဦး၊ အလယ်တန်းအဆင့်တွင် (၁၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ချမ်းအေးသာစံမြို့နယ် အခြေခံပညာဦးစီးဌာနအနေဖြင့် (၇၇)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်အဆင့် ပြိုင်ပွဲများ ကျင်းပလျက်ရှိသကဲ့သို့ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများတွင်လည်း ဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ၊ စာစီစာကုံးပြိုင်ပွဲများကိုလည်း ကျင်းပလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment