ရန်ကုန်၊ ဇူလိုင် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြိုနယ်၊ ပုလဲလမ်းဆုံအနီးတွင် ယာဉ် ၄ စီးဆင့်တိုက်မိရာက အမျိုးသမီး ၁ဦး သေဆုံးပြီး ကလေးငယ်များအပါအဝင် ၉ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ ပုလဲလမ်းဆုံအနီး ယာဉ် ၄ စီးဆင့်တိုက်မိရာက အာဇာနည်နေ့၌ မင်္ဂလာဆောင်မည့် သတို့သမီးမှာ ဦးခေါင်းပေါက်၍ အခင်းနေရာ၌ သေဆုံးခဲ့ပြီး၊ ကလေးငယ် ၄ ဦး၊ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ ဒဏ်ရာရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းများမှ ကူညီ ကယ်ဆယ်ပြီး အင်းစိန်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
Photo Crd -
Join - https://t.me/MyanmarNationalPost




No comments:
Post a Comment