ရတနာပုံတက္ကသိုလ်၌ သင်ကြားသင်ယူမှု၊ ဘာသာရပ်ဆိုင်ရာနှင့် သုတေသနဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရတနာပုံတက္ကသိုလ်၌ သင်ကြားသင်ယူမှု၊ ဘာသာရပ်ဆိုင်ရာနှင့် သုတေသနဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ



အမရပူရ ၊ ဇူလိုင်  ၁၆


၈-၇-၂၀၂၄ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ သင်ကြားသင်ယူမှု၊ ဘာသာရပ်ဆိုင်ရာနှင့် သုတေသနဆိုင်ရာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ Assessment,  Research and Innovation,  Teaching and Learning, Access Education, Distance Education ခေါင်းစဉ်(၅)ခုဖြင့်  ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ရတနာပုံတက္ကသိုလ်ရှိ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ် အသီးသီးမှ ပါမောက္ခ(ဌာနမှူ)များ တက်ရောက်ကြသည်။


အဆိုပါ ဆွေးနွေးပွဲတွင် အရှေ့တိုင်းပညာဘာသာရပ်၊ ရှေးဟောင်းသုတေသနပညာဘာသာရပ်၊ စာကြည့်တိုက်နှင့်သုတပညာဘာသာရပ်၊ သင်္ချာဘာသာရပ်တို့ဖြင့် စုဖွဲ့ထားသည့်အုပ်စု(၁)သည် “Assessment” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာစာဘာသာရပ်၊ အင်္ဂလိပ်စာဘာသာရပ်၊ ဘူမိဗေဒဘာသာရပ်၊ ကွန်ပျူတာသိပ္ပံပညာဘာသာရပ်တို့ဖြင့် စုဖွဲ့ထားသည့် အုပ်စု(၂)သည် “Research and Innovation” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဓာတုဗေဒဘာသာရပ်၊ ကုန်ထုတ် ဓာတုဗေဒဘာသာရပ်၊ ဒဿနိကဗေဒဘာသာရပ်၊ သမိုင်းဘာသာရပ်တို့ဖြင့် စုဖွဲ့ထားသည့် အုပ်စု(၃)သည် “Teaching and Learning” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရုက္ခဗေဒဘာသာရပ်၊ နိုင်ငံတကာဆက်ဆံရေးပညာဘာသာရပ်၊ စိတ်ပညာဘာသာရပ်၊ မနုဿဗေဒဘာသာရပ်၊ စီးပွားရေးပညာဘာသာရပ်တို့ဖြင့် စုဖွဲ့ထားသည့် အုပ်စု(၄)သည် “Access Education” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ပထဝီဝင်ဘာသာရပ်၊ ဥပဒေပညာဘာသာရပ်၊ သတ္တဗေဒဘာသာရပ်၊ ရူပဗေဒဘာသာရပ်တို့ဖြင့် စုဖွဲ့ထားသည့် အုပ်စု(၅)သည် “Distance Education” ခေါင်းစဉ်တို့ဖြင့် အုပ်စုအလိုက် တင်ပြဆွေးနွေးကြရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်သူများက ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


စိုးသီဟ(အမရ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)