ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေ နှင့် ယနေ့တိုင်းပြည်တာဝန်ထမ်းဆောင်နေသူတချို့၏ အခြေအနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေ နှင့် ယနေ့တိုင်းပြည်တာဝန်ထမ်းဆောင်နေသူတချို့၏ အခြေအနေ


ယနေ့ ဖြစ်ပေါ်လျှက်ရှိသော နိုင်ငံရေးအခြေအနေမှာက ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေ အင်အားကောင်းနေတဲ့ အခြေအနေ ဖြစ်ပါတယ်။ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူထားတဲ့ကာလမှာ တပ်မတော်အကြီးအကဲများအနေနဲ့ကတော့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ရှေးရှုဆောင်ရွက်ကြဖို့ပဲ လမ်းညွှန်ပါလိမ့်မယ်။ အာဏာအလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာလွန်းတာမျိုးတွေ လုပ်ဖို့တော့ ဘယ်သူကမှ ညွှန်ကြားလိမ့်မယ် မဟုတ်ပါဘူး။ အာဏာအလွဲသုံးစားလုပ်ခဲ့တဲ့ သူတွေကို စိစစ်ဖော်ထုတ် အရေးယူခဲ့တဲ့ မှတ်တမ်းတွေကို ပြည်ဆန်းစစ်ကြည့်ရင် ယုံကြည် အားကိုးရလောက်တဲ့ ပုဂ္ဂိုလ်များက ဦးဆောင်၍ ကမောက်ကမ ဖြစ်အောင် လုပ်လိုသော သဘောကို တွေ့ရမှာ ဖြစ်ပါတယ်။

နိုင်ငံတော်အဆင့်မှာတောင် တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူထားတဲ့ ကာလ ကိုယ်ကျိုးရှာချင်လွန်းတဲ့ ပုဂ္ဂိုလ်တွေကို ထိန်းသိမ်းခဲ့ရတယ်ဆိုရင် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအဆင့်တွေမှာ အာဏာအလွဲသုံးစားမှုတွေ ဘယ်လောက်တောင် ဖြစ်နေမလဲ တွက်ဆလို့ ရပါတယ်။

တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူထားတဲ့ အရေးပေါ်ကာလ မြို့နယ်၊ ခရိုင် အသီးသီးမှာ စီမံအုပ်ချုပ်ရေးအတွက် တပ်မတော်အရာရှိလည်းပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကလည်းပါတယ်။ အရပ်ဘက်ကလည်း ပါတယ်။ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ဖို့ တာဝန်ပေးအပ်ခြင်း ဖြစ်ပါတယ်။

တချို့သော တပ်မတော်အရာရှိများက ပြည်ဖျက်ပါတီ NLD က လွှတ်တော်အမတ်ဟောင်းတွေက အားကျတယ်ထင်ပါရဲ့။ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို စိတ်မဝင်စားပါဘူး။ လုပ်ပိုင်ရသခိုက် အာဏာအလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာချင်ကြပါတယ်။ စစ်ကိုင်းဘက်က တချို့မြို့နယ်တွေမှာ တပ်မတော်အရာရှိတွေ တပ်မတော်သားတွေမှာ ပင်ပန်းဆင်းရဲကြီးစွာနဲ့ အကြမ်းဖက်နှိမ်နင်းရေး ကြိုးပမ်းဆောင်ရွက်နေကြတယ်။ တချို့သော မြို့နယ်များမှာတော့ အကြမ်းဖက်သမားတွေ ရှိနေတာသိတယ်။ အခြေပြုနေထိုင်တဲ့ အရပ်ကိုလည်း သိတယ်။ ရှင်းလင်းဆောင်ရွက်ခြင်း မလုပ်ဘူး။ တာဝန်သိ ပြည်သူများက သတင်းပေးရင် ဘယ်သူ သတင်းပေးတာပါလို့ နီပိန်း ပဒက်အကြမ်းဖက်သမားများထံ သတင်းပြန်ပို့တဲ့သူလည်း ရှိတယ်။ အဲဒီလိုနဲ့ နီပိန်း ပဒက် ပြည်ဖျက်မိစ္ဆာတွေကို ဖော်ထုတ် တိုင်ကြားသူများမှာ ပဒက်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ကြရတယ်။ အဲဒီလို တပ်မတော်သား အရာရှိများလည်း ရှိတယ်ဆိုတာကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်ရပါတယ်။ တပ်မတော်သားအဖြစ် တာဝန်ထမ်းဆောင်နေသည်မှာ မှန်သော်လည်း ပြည်ဖျက်မိစ္ဆာတွေရဲ့ ဘက်တော်သား ဖြစ်နေခြင်းဟာ တိုင်းပြည် ကမောက်ကမ ဖြစ်ရခြင်းတွေထဲက တစ်ချက်။

အချို့သော ရဲအရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များမှာ အကြမ်းဖက်ဘေးအန္တရာယ် ကာကွယ်ရေး၊ တရားဥပဒေစိုးမိုးရေးကို အလေးထား လုပ်ဆောင်နေကြသော်လည်း အချို့သော ရဲအရာရှိများက နီပိန်း ပဒက် ပြည်ဖျက်မိစ္ဆာတွေရဲ့ ရက်စက်ယုတ်မာ ရိုင်းစိုင်းမှုများကို တိုင်ကြားလျှင်ပင် မကြိုက်တဲ့ အခြေအနေမျိုးတွေ မြင်တွေ့ရပါတယ်။ ဒီထက် ဆိုးတာက တချို့သော ရဲအရာရှိများဟာ တပ်မတော်သားဟောင်းများကိုပင် ကောက်ကျစ်ယုတ်မာစွာ CDM လှုံ့ဆော်သူပါလို့ ရမယ်ရှာပြီး ဖမ်းဆီးနှိပ်စက် အမှုဆင် ထောင်ချတာမျိုးတွေ အထိ ယုတ်မာကောက်ကျစ်တာကိုလည်း ကြားမြင် တွေ့ရှိခဲ့ရပါတယ်။ အချို့သော ရဲအရာရှိများဟာ သက်ငယ်မုဒိန်းမှု ကျူးလွန်သူကိုပင် ငွေကြေးနဲ့ ညှိနှိုင်းဖြေရှင်းပေးပြီး နစ်နာသူဘက်ကို နှုတ်ပိတ်လိုတဲ့ လုပ်ရပ်တွေကိုလည်း စာရေးသူကိုယ်တိုင် တွေ့မြင်သိရှိခဲ့ရဖူးပါတယ်။

မြို့နယ်၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့များမှာ အရပ်ဘက်က ထည့်သွင်းထားသူတချို့ဟာ တည်ငြိမ်အေးချမ်းရေးနဲ့ တိုင်းပြု ပြည်ပြုလုပ်ငန်းတွေမှာ တတတ်တအား ပါဝင်ဆောင်ရွက်နေကြခြင်းဖြစ်ပါတယ်။ တချို့တွေကတော့ မြို့နယ်/ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဆိုတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို တလွဲအသုံးချပြီး နီပိန်း ပဒက် အကြမ်းဖက်သမားများကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလာရင် နီပိန်း ပဒက်အကြမ်းဖက်သမားရဲ့ မိသားစုဝင်များထံက ငွေကြေးလာဘ်လာဘ ရယူပြီး အာမခံ လွှတ်ပေးတဲ့ စံမံအုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ လုပ်ရပ်တွေကိုလည်း အော့နှလုံးနာဖွယ် ကြားသိခဲ့ရပါတယ်။

တပ်မတော်က အရေးပေါ်ကာလ အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူဆောင်ရွက်နေရတဲ့ အချိန်၊ တပ်မတော် အပေါ် ပြည်ပသြဇာခံ နိုင်ငံရေးလုပ်စားသူများ၊ ပြည်ဖျက်မီဒီယာများက လုပ်ကြံဖန်တီးတိုက်ခိုက်မှုအမျိုးမျိုး လုပ်ဆောင်နေတဲ့ အချိန်မှာ အထက်ဖော်ပြပါ ပုဂ္ဂိုလ်များသည်လည်း ပြည်ဖျက်မိစ္ဆာများနဲ့ အလိုတူ အလိုပါ ကိုယ်ကျိုးသာ ကြည့်တဲ့ တစ်ပို့တည်းသမားများလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ သူတို့တွေသည် CDM မလုပ်ဘူး၊ ပြည်ပြေး ဝရမ်းပြေး မလုပ်ဘူး။ လုပ်ပိုင်ခွင့် အာဏာအဆုံးရှုံးမခံဘူး။ လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီး အများပြည်သူကို ဂုပ်သွေးစုပ်မယ်။ တပ်မတော်ကို နာမည်ပျက်အောင် လုပ်မယ်။

နောက်တစ်ချက် မြေယာပြဿနာများနဲ့ ပတ်သက်လို့လည်း ထည့်ပြောပါအုံးမယ်။ သမ္မတကြီး ဦးသိန်းစိန် လက်ထက်ကစလို့ မြေယာပြဿနာတွေ စတင်ဖြေရှင်းခဲ့တယ်။ အဲဒီအချိန်ကတည်းက တင်ပြတိုင်ကြားမှုတွေ လုပ်ခဲ့ကြတဲ့ နစ်နာသူများမှာ ယနေ့အချိန်အထိအောင် ပြေလည်မှုမရဘူး။ ကိစ္စရပ်အပေါ် ပြီးပြတ်အောင် ဖြေရှင်းပေးခြင်းမျိုး မရှိဘူး။ ဘာကြောင့်ပါလဲ။ နစ်နာသူတွေက တိုင်လိုက်၊ အထက်က ပုဂ္ဂိုလ်များက အောက်ကို စိစစ်ဖို့ ညွှန်ကြားလိုက်၊ အောက်က ပုဂ္ဂိုလ်များက အချိန်စွဲလို့ ရသမျှ အချိန်စွဲပြီး မလုပ်၊ မရှုပ်၊ မပြုတ် နေကြတယ်။ နစ်နာသူက ထပ်တိုင်၊ အထက်ပုဂ္ဂိုလ်များက တဖန်ညွှန်ကြားပြန်။ အောက်က လူတွေ ပညာပြတာကို သိသိနဲ့လည်း မသိကျိုးပြုနေကြတယ်။ အထူးအားဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီးတို့လို နေရာတွေမှာ မြေယာပြဿနာတွေဟာ တိုင်လိုက်၊ ညွှန်ကြားလိုက်၊ အောက်က မသိချင်ယောင်ဆောင်နေလိုက်နဲ့ ဆယ်စုနှစ်တစ်စုသာ ကျော်သွားမယ်။ မပြီးပြတ်နိုင်ပါဘူး။ မပြီးပြတ်နိုင်တဲ့ အမှုတွေမှာ ပါဝင်ပတ်သက်သူတွေကို လေ့လာကြည့်မယ်ဆိုရင်လည်း တပ်ထဲက အရာရှိတို့၊ အရာရှိ အငြိမ်းစားကြီးတွေရဲ့ မိသားစုဝင်တွေဆိုတော့ မှန်မှန်ကန်ကန် လုပ်ချင်သူကလည်း အရဲစွန့်ပြီး မလုပ်ရဲဘူး။ လုပ်လို့ မဖြစ်ဘူး။ နောက်တော့ သူတို့နဲ့ အလိုတူ အလိုပါ ကိုယ်ကျိုးရှာတဲ့သူတွေပဲ ဖြစ်သွားကြတယ်။

အဲဒီလို ဖြစ်နေတဲ့ အခြေအနေကို ထိရောက်စွာ ထိန်းကျောင်းဖို့က ခက်ခဲတယ်။ ထိန်းကျောင်းနိုင်ခြင်း မရှိတဲ့အခါကြတော့ တပ်မတော်ကို ဝန်းရံမယ့် ပြည်သူများ အဲဒီလူများရဲ့ ကောက်ကျစ်ယုတ်မာမှုတွေကို ရွံမုန်းလာပြီး တပ်မတော်အပေါ်ကိုလည်း အထင်အမြင်လွဲမှားမှုတွေ ဖြစ်ပေါ်လာကြတယ်။ 

ကျွန်တော်တို့ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးမှာ ကြီးမားတဲ့ ပြဿနာတွေ ရှိနေပါတယ်။ ခေတ်အဆက်ဆက်ပါပဲ။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုသလိုမျိုး တိုင်းပြည် ကမောက်ကမဖြစ်လေ သူတို့ ကိုယ်ကျိုးရှားလို့ ကောင်းလေ ဖြစ်နေတဲ့ သဘောပါပဲ။ နိုင်ငံတော်က ဖော်ထုတ်အရေးယူခဲ့ရတဲ့ အဂတိလိုက်စားသူတွေ ကြည့်လိုက်ရင် လေးစားတန်ကောင်းရဲ့ ဆိုတဲ့ ပုဂ္ဂိုလ်တွေပဲ မဟုတ်လား။ ရွှေဈေး ကမောက်ကမဖြစ်အောင် လုပ်တဲ့သူတွေဆိုလည်း ဒိတ်ဒိတ်ကျဲတွေပဲ။ ငွေဈေး ကမောက်ကမဖြစ်အောင် လုပ်တဲ့ ဝိသမလောဘသားတွေ ဆိုရင်လည်း အထင်ကရတွေပဲ။ အများပြည်သူ နေ့စဉ်စားသုံးနေတဲ့ ဆန်ဈေးကိုပါ ကမောက်ကမဖြစ်အောင် လုပ်ပြီး ကိုယ်ကျိုးရှာတဲ့ ဝိသမလောဘသားတွေကို နိုင်ငံတော်က အရေးယူဆောင်ရွက်နေရတယ် မဟုတ်ပါလား။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စီးပွားရေး နယ်ပယ်စုံမှာ ဝိသမလောဘသားတွေ ရှိနေတယ်ဆိုတာတော့ အသေအချာပါပဲ။ဂုဏ်သိက္ခာရှိရှိ ရပ်တည်ဆောင်ရွက်ရမယ့် ပုဂ္ဂိုလ်တွေဟာ ပညာတတ် လူယုတ်မာများ ဖြစ်နေကြသောအခါ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမှာ မှန်ကန် မျှတမှုဆိုတာ ရဖို့မလွယ်တဲ့ အနေအထား ဖြစ်ပါတယ်။ တချို့က အုပ်ချုပ်သူကို ရန်သူမျိုးငါးပါးထဲမှာ ပါနေတာက မှားနေသလိုလို မြင်ကြသေးတယ်။ တိုင်းပြည်မှာ ဥပဒေလက်တစ်လုံးခြား မမှန်မကန် လုပ်ပိုင်ခွင့်ရနေတာ မင်းမှုထမ်း (အစိုးရ)ပဲ ဖြစ်တယ်။ အဲဒီလိုတွေ ကမောက်ကမ ဖြစ်အောင် လုပ်လွန်းလို့လည်း မကျေနပ်မှုတွေ များပြားလာပြီး ပြဿနာတွေ ကြီးထွားလာခြင်းဖြစ်တယ်။ အစိုးရဆိုတာ နိုင်ငံတော်အကြီးအကဲမှ အစိုးရမဟုတ်ဘူး။ နယ်မြေဒေသအလိုက် လုပ်ပိုင်ခွင့်အာဏာရရှိထားသူများဟာ အစိုးရနေသူတွေပဲ ဖြစ်ပါတယ်။ အဲဒီ လူတွေက ဥပဒေကိုလေးစားလိုက်နာပြီး အများပြည်သူအကျိုးကို တည့်မတ် မှန်ကန်စွာ ထမ်းဆောင်ခြင်းအားဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေးလည်း ဒွန်တွဲပါလာမှာ မလွဲဧကန်ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)