ကန့်ဘလူ ၊ ဇူလိုင် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၌ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး အခြေခံပညာကျောင်းများရှိ မုန့်စျေးတန်းများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့်စစ်ဆေးခြင်းများကို ယမန်နေ့နံနက် ၉ နာရီခွဲက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က အ.ထ.က(၁)၊ မူလွန်(၂)နှင့်အ.လ.က(၅) ကျောင်းတို့တွင် မုန့်စျေးတန်းများရှိ ဆိုင်ရှင်များအား အစားအစာများမပြင်ဆင်ချိန်၊ အမှိုက်များ ကိုင်တွယ်ပြီးချိန်၊ အိမ်သာမှဆင်းချိန်တိုင်းတွင် လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာစနစ်တကျ ဆေးကြောရန်၊ အစားအစာများကို ယင်မနားအောင် လုံခြုံစွာဖုံးအုပ်ထားရန်၊ ဝမ်းပျက်ဝမ်းလျော ရောဂါဖြစ်ပွားမှု အခြေအနေများ၊ ရောဂါကူးစက်ပုံ၊ ရောဂါလက္ခဏာများ၊ ရောဂါကြိုတင် ကာကွယ်နိုင်သော နည်းလမ်းများ၊ ဖြစ်ပွားပါက လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများကို ဆိုင်ရှင်များအား အသိပညာပေးဆွေးနွေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)
https://t.me/MyanmarNationalPost

No comments:
Post a Comment