အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)၌ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း ကာလတိုအခမဲ့သင်တန်းဖွင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)၌ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း ကာလတိုအခမဲ့သင်တန်းဖွင့်





တောင်ငူ၊ ဇူလိုင် ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဒေသအတွင်းရှိ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ အသက်မွေးဝမ်းကြောင်းပညာတတ်မြောက်ခြင်းဖြင့် တစ်ဦးချင်းဝင်ငွေ မြင့်မားလာစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ပူးပေါင်းကူညီမှုဖြင့် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း ကာလတိုအခမဲ့သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်က အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း ကာလတိုအခမဲ့သင်တန်း တက်ရောက်လာကြသူများအား အဖွင့်အမှာစကားပြောကြားပြီး အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)မှ ကျောင်းအုပ်ကြီး ဒေါက်တာကျော့ကျော့ရီက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် ကာလတိုသင်တန်းအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းအုပ်ကြီး ဒေါက်တာကျော့ကျော့ရီက သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြတွဲဖက်ပါမောက္ခ ဦးသန်းနိုင်ဦးက အိမ်တွင်းလျှပ်စစ်သွယ်တန်းနည်းများကို ဇူလိုင် ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်၊ ဖြူးမြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့မှ သင်တန်းသား(၂၃)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။


ဇော်ကိုကို

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)