ချောက် ၊ ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်သည့် အိမ်ထောင်စုများမှ ရေဘေးရှောင်ပြည်သူ(၁၁၄၆)ဦးအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် ထောက်ပံ့ငွေကျပ်(၂၄၀၆၆၀၀)ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ရေဘေးရှောင်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများပေးအပ်ခြင်းကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး တင်ထွန်းဦး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတဆင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် စလေမြို့အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၄)ရပ်ကွက်များမှ အိမ်ထောင်စု(၅၃)စု၊ လူဦးရေ(၂၁၄)ဦးနှင့် ချောက်မြို့အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၇)၊ အမှတ်(၁၄)ရက်ကွက်များမှ အိမ်ထောင်စု(၂၂၆)စု လူဦးရေ(၉၃၂)ဦး စုစုပေါင်းအိမ်ထောင်စု(၂၇၉)စု၊ လူဦးရေ(၁၁၄၆)ဦးအတွက် လူတစ်ဦးလျှင် ငွေကျပ် ၂၁၀၀ နှုန်းဖြင့် ဆန်ရိက္ခာထောက်ပံ့ငွေ စုစုပေါင်းငွေကျပ်၂၄၀၆၆၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်မိုး
https://t.me/MyanmarNationalPost


No comments:
Post a Comment