မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေနှမ်းပေါင်ကြီးတင်စံပြကွက် (၁၀)ဧက ကွင်းသရုပ်ပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေနှမ်းပေါင်ကြီးတင်စံပြကွက် (၁၀)ဧက ကွင်းသရုပ်ပြပွဲ ကျင်းပ




မြစ်သား  ၊ ဇူလိုင်  ၃


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် စိုက်ပျိူးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခုနှစ် နွေနှမ်းပေါင်ကြီးတင်စံပြကွက် ကွင်းသရုပ်ပြပွဲကို ရွာခိုင်ကြီးကျေးရွာအုပ်စု၊ ကွင်းအမှတ် (၆၂၅က) ဦးပိုင်(၁၆)ရှိ တောင်သူ ဦးချစ်လှိုင်၏  (၁၀)ဧက စိုက်ကွင်းတွင် ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ကွင်းသရုပ်ပြပွဲတွင် မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းက မြို့နယ်အတွင်း ဒေသဝမ်းစာဆီဖူလုံရေးအတွက် ဆီထွက်သီးနှံနွေနှမ်းကို တိုးချဲ့ထုတ်လုပ်ရန်လိုအပ်ကြောင်း၊ တစ်ဧကပန်းတိုင်အထွက်နှုန်း (၂၀)တင်းရရှိရေးအတွက် စိုက်ပျိုးထုတ်လုပ်ရမှာဖြစ်ကြောင်း၊ ပြောင်းလဲလာသည့် ရာသီဉတုနှင့်အညီ မိုးနည်းလျှင် ရေသွင်းစနစ်ဖြင့်လည်းကောင်၊ မိုးများလျှင် အလွယ်တကူရေထုတ်နိုင်ရန်အတွက် ပေါင်ကြီးတင်စနစ်ဖြ င့်စိုက်ပျိုးရန်လိုအပ်ကြောင်း စသည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ကြည်ကြည်မာက နွေနှမ်းစိုက်ပျိူးသည့်အခါ သိပ္ပံနည်းကျစိုက်ပျိုးရေးနည်းစနစ်များကို တက်ရောက်လာသည့် တောင်သူများအား ပညာ‌ပေးဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကွင်းသရုပ်ပြပွဲတွင် မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်း၊ ဒုတိယဦးစီးမှူး ဒေါ်ကြည်ကြည်မာနှင့် ဝန်ထမ်းများ၊ နွေနှမ်းစိုက်ဒေသခံတောင်သူများ စုစုပေါင်း (၄၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)