တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေး မြန်အောင်တာမိုင် ၆/၃ နှင့်၆/၄ ကြား ကမ်းထိန်းကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ယာယီရေဘေးရှောင်စခန်းရှိ အိမ်ထောင်စုဝင်များအား တွေ့ဆုံအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေး မြန်အောင်တာမိုင် ၆/၃ နှင့်၆/၄ ကြား ကမ်းထိန်းကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ယာယီရေဘေးရှောင်စခန်းရှိ အိမ်ထောင်စုဝင်များအား တွေ့ဆုံအားပေး

 





မြန်အောင် ဇူလိုင် ၁၉

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေးသည် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် ဟင်္သာတခရိုင်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းတို့နှင့်အတူ ယမန်နေ့ညနေက မြန်အောင်တာမိုင် ၆/၃ နှင့်၆/၄ ကြား ကမ်းထိန်းကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြန်အောင် အမှတ်(၆)ရပ်ကွက် ယာယီရေဘေးရှောင် အိမ်ထောင်စုဝင်များအား တွေ့ဆုံအားပေး၍ စားသုံးဆီများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်အောင်တာမိုင် ၆/၃ နှင့် ၆/၄ ကြား ရေကာတာကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု၊ ကမ်းပြိုကမ်းစားမှု အခြေအနေအား ခရိုင်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက ရှင်းလင်းတင်ပြရာ ဝန်ကြီးက တာတမံကြံ့ခိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ ဆက်လက်၍ မြန်အောင်မြို့ အမှတ်(၆)ရပ်ကွက်ယာယီရေဘေးရှောင်စခန်းရှိ အိမ်ထောင်စုများအား မြန်အောင် မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီများထောက်ပံ့လှူဒါန်းရာသို့ သွားရောက်အားပေး၍ စားသုံးဆီများပေးအပ်လှူဒါန်းခဲ့ပြီး ရေဘေးရှောင်ပြည်သူများအတွက် ထမင်းဟင်း ချက်ပြုတ်နေမှုတို့အား ကြည့်ရှုအားပေးခဲ့သည်။

 မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းဇော်ဦးနှင့်အဖွဲ့ဝင်များက မြန်အောင်မြို့နယ် ယာယီရေဘေးရှောင်စခန်းရှိ ပြည်သူများအတွက် စားအုန်းဆီ ၅၀ ကျပ်သားဘူး(၆၆၀) ဆီပိဿာချိန် ၃၃၀ ပိဿာကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။


ဝင်းဗိုလ်

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)