မင်းတုန်းမြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် သီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းတုန်းမြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် သီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်




မင်းတုန်း၊ ဇူလိုင် ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ယမန်နေ့ညနေပိုင်းမှစ၍ မင်းတုန်းချောင်းရေများမြင့်တက်လာမှုကြောင့် မင်းတုန်း-ဘူးတောင်းရွာ ပုသိမ်-မုံရွာ ဆက်သွယ်ရေးလမ်းရေကျော်ပြီး လမ်းဘေးဝဲယာရှိ နှမ်းစိုက်ခင်း၊ ဟင်းသီးဟင်းရွက်နှင့် ဖူးစားပြောင်း စိုက်ခင်းများ ရေကြီးနစ်မြုပ်ခဲ့သည်။

အလားတူ မူးချောင်း၊ လွှာချောင်း၊ ပဲမြောက်ချောင်းနှင့် ရှုချောင်းတို့ ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများမှ ချောင်းဘေးကိုင်းမြေပေါ်တွင် စိုက်ပျိုးထားသော မိုးသီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်ရာ ကျေးရွာအုပ်စု(၄၄)အုပ်စုရှိ နှမ်းသီးနှံ(၃၂၄၄)ဧက၊ စပါး(၉၄)ဧက၊ ဖူးစားပြောင်း(၇၂)ဧက၊ မြေပဲ(၂၀၃)ဧက၊ နေကြာ(၃၁၁)ဧက၊ မတ်ပဲ(၅)ဧကနှင့် ဟင်းသီးဟင်းရွက်(၆၆)ဧက စုစုပေါင်း(၃၉၉၅)ဧက ရေကြီးနစ်မြုပ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)