၂၀၂၄ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၄ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ






မြစ်ကြီးနား၊ ဇူလိုင် ၁၇

ကချင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ၂၀၂၄ ခုနှစ်၊ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ မြစ်ကြီးနားမြို့ ခေမာသီဝံကျောင်းတိုက် ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒာဝရာဘိဝံသအမှူးပြုသော ဆရာတော်/ သံဃာတော်များ ကြွရောက်တော်မူကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဆရာတော်/သံဃာတော်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး ပရိတ်တရားတော်များနာယူခဲ့ကြကာ ဆရာတော်/ သံဃာတော်များအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့သည်။

ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု ၃ ကြိမ်ရွတ်ဆို ရုပ်သိမ်းလိုက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က ဆရာတော်/ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့အပြင် ဇူလိုင် ၁၆ ရက် ညနေပိုင်းကလည်း ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ပြည်ထောင်စုအဆင့်တွင် ဆုရရှိသောဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး/ ပြည်နယ် (၁၅)ခုတို့တွင် အားကစားနည်းပေါင်းစုံ၌ နိုင်ငံတော်အဆင့် ဒုတိယဆုရရှိသော ဌာနတို့အား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။

ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ အားကစား၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများကို အစိုးရ၊ ဌာန၊ ပြည်သူများပူးပေါင်းပြီး ဟန်ချက်ညီစွာဖြင့် အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဌာနဆိုင်ရာများနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်မှုအားကောင်းခြင်းသည် ယခုလိုအောင်မြင့်မှုကို ထိုက်တန်စွာရရှိခြင်းပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ ပြည်နယ်အတွက် ဂုဏ်ဆောင်နိုင်ခဲ့ကြသည့် ဌာနဆိုင်ရာများကို ဂုဏ်ပြုချီးမြှင့်ခြင်းပင်ဖြစ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူမှုစီးပွားရေးကဏ္ဍတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့်အတွက် ပြည်‌ထောင်စုအဆင့်တွင် ဂုဏ်ပြုချီးမြှင့်ခြင်းခံရသည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ အရည်အသွေးပြည့်မီအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုဆုကို ရရှိခဲ့သည့် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအားလည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများတွင် နိုင်ငံတော်အဆင့် (ဒုတိယ) ဆုရရှိအောင် စွမ်းဆောင်ခဲ့ကြသော အားကစား နည်းအလိုက် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများအားလည်းကောင်း၊ ဇေယျာစီမံထူးချွန် (ပထမအဆင့်) ဆုနှင့် မြစိမ်းရောင်သမဝါယမစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့်ဆု (ပထမဆု)ရ ကချင်ပြည်နယ်သမဝါယမဦးစီးဌာနအားလည်းကောင်း၊ ဗန်းမော်မြို့နယ်၊ မံရေးကျေးရွာအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်နိုင်မှုဆုကို ကချင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့အား လည်းကောင်း ပြည်နယ်အစိုးရအဖွဲ့က ထပ်ဆင့်ဂုဏ်ပြုသည့်အနေဖြင့် ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)