စလင်းမြို့နယ်၌ အခြေခံစားသောက်ကုန်ဆန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

စလင်းမြို့နယ်၌ အခြေခံစားသောက်ကုန်ဆန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး



စလင်း၊ ဇူလိုင် ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ အခြေခံစားသောက်ကုန်ဖြစ်သည့် ဧရာပဒေသာဆန်များအား ကာလပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနိုင်ရေး အိမ်ထောင်စုတိုင်းအတွက် စားနပ်ရိက္ခာဆန်များ ရောင်းချပေးခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်က ကျောင်းကြားရပ်ကွက်နှင့် ကျွန်းတော်ဦးလမ်းဆုံ ဋ္ဌေးရတနာဆန်စက်အနီးတွင် ဆန်စက်လုပ်ငန်းရှင်များမှ ရောင်းချပေးခဲ့သည်။

စလင်းမြို့နယ်အတွင်းရှိ အခြေခံအိမ်ထောင်စုများအား မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များနှင့် ဆန်ကုန်သည်ကြီးများမှ စုပေါင်း၍သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရာတွင် အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်ကို ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ ကုန်ဈေးနှုန်းကြီးမြင့်စွာဖြင့် ရောင်းချခြင်းမပြုလုပ်စေရန်အတွက် လူတစ်ဦးလျှင် လူဦးရေအနည်းအများပေါ်လိုက်၍ (၂) ပြည်နှုန်းဖြင့် ကာလပေါက်ဈေးထက်လျှော့ချ၍ တစ်ပြည်လျှင် (၅၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့သည်။

စလင်းမြို့နယ်အတွင်း စားသောက်ကုန်ပစ္စည်းဖြစ်သည့် ဆန်ကို ဈေးနှုန်းချိုသာ၍ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး မကွေးတိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုဖြင့် ဆန်စက်လုပ်ငန်းရှင် (၆၀) ဦး၊ ဆန်ရောင်းသူကုန်သည် (၂၇) ဦး၊ စုစုပေါင်းလုပ်ငန်းရှင်နှင့် ကုန်သည် (၈) ဦးတို့က စလင်းမြို့နယ်အတွင်းရှိ စလင်းဆင်ဖြူကျွန်းမြို့ပေါ် (၁၁) ရပ်ကွက်တို့အား နေ့စဉ်အလှည့်ကျရောင်းချပေးနေမှုများကို စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံမှ ကြီးကြပ်၍ ဋ္ဌေးရတနာဆန်စက်နှင့် လှညွှန့်လွင်ဆန်စက်တို့မှ ရောင်းချပေးနေမှုများကို အားပေးကြည့်ရှုခဲ့ပြီး စလင်းမြို့နယ်အတွင်းရှိ ရပ်ကွက် (၁၁) ရပ်ကွက်တို့အား နေ့စဉ်အလှည့်ကျ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မောင်လွင် (စလင်း)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)