မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၁၇ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၈၆ ဒသမ ၉ ကီလို ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၁၇ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၈၆ ဒသမ ၉ ကီလို ဖမ်းဆီးရမိ


နေပြည်တော်၊ ဇူလိုင် ၉

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၅ ရက်နေ့ ညနေ ၃ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၄ x ၁၁၅ ကြား၊ ၇၁(C)လမ်းတွင် သတင်းအရစောင့်ဆိုင်းနေစဉ် ကြိုတင်သတင်းရရှိထားသည့် TOYOTA PROBOX မော်တော်ယာဉ်နှင့် SUPER CUSTOM မော်တော်ယာဉ်တို့ ရောက်ရှိလာ၍ ရှာဖွေစစ်ဆေးခဲ့ရာ စိုးခိုင်၊ နန်းအေးဖောင်း၊ နန်းယိမ်းအွမ်နှင့် ထွန်းလင်းအောင်တို့ ၄ ဦးနှင့်အတူ SUPER CUSTOM ယာဉ်ပေါ်မှ ပလတ်စတစ်ဆပ်ပြာခွက် ၂,၂၀၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၂၂ ကီလို သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ချမ်းမြသာစည်မြို့နယ်၊ ဆ/၂ ရပ်ကွက်၊ ၇၁ လမ်းရှိ ထွန်းလင်းအောင် ငှားရမ်းနေထိုင်သည့် နေအိမ်မှ ပလတ်စတစ်ဆပ်ပြာခွက် ၆,၄၉၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၆၄ ဒသမ ၉ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၁၇ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၈၆ ဒသမ ၉ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)