အာဆီယံအပေါင်းသုံး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် အခြားဆက်စပ်အစည်းအဝေး များသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အာဆီယံအပေါင်းသုံး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် အခြားဆက်စပ်အစည်းအဝေး များသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်




ဗီယင်ကျန်းမြို့၊ ဇူလိုင် ၂၈

 လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ၂၇-၇-၂၀၂၄ ရက်တွင် အာဆီယံအပေါင်းသုံး နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး၊ အရှေ့အာရှထိပ်သီးအစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေး၊ အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် (၃၁)ကြိမ်မြောက် အာဆီယံ ဒေသဆိုင်ရာဖိုရမ် အစည်းအဝေးများသို့  နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်  ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။ 

 အဆိုပါအစည်းအဝေးများသို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံဆွေးနွေးဖက် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံအတွင်း‌ရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပြီး တီမောလက်စ်တေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးက လေ့လာသူနိုင်ငံအဖြစ် ပါဝင် တက်ရောက်ခဲ့သည်။  

 အဆိုပါအစည်းအဝေးများတွင်   အာဆီယံနှင့် အပေါင်းသုံးနိုင်ငံများ (တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား)၊ အရှေ့အာရှထိပ်သီးအစည်းအဝေးနိုင်ငံများ (ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုးရီးယား၊ အမေရိကန်၊ ရုရှား) တို့အကြား ပူးပေါင်းဆောင်ရွက်မှုများအပေါ် သုံးသပ်ခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ အာရှ-ပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လုံခြုံရေးတို့အတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်  ဒေသတွင်းနှင့် နိုင်ငံတကာ ၏ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။  

 အဆိုပါ အစည်းအဝေးများသို့ အမြဲတမ်းအတွင်းဝန်နှင့်အတူ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ လာအိုပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ တာဝန်ရှိအရာထမ်းများ တက်ရောက်ခဲ့သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)