နေပြည်တော်၊ ဇူလိုင် ၁၂
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Daba Debele Hunde သည် ယမန်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ သည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအတွက် MoU လက်မှတ်ရေးထိုးနိုင်ရေး၊ မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ပြီး နှစ်နိုင်ငံအကြား အပြန်အလှန် သတင်းမှန်ထုတ်လွှင့် နိုင်ရေး၊ စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍများတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment