ရွာငံမြို့နယ်အတွင်းရှိ JPRF အကြမ်းဖက်အဖွဲ့သင်တန်းကျောင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များ ရှင်းလင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွာငံမြို့နယ်အတွင်းရှိ JPRF အကြမ်းဖက်အဖွဲ့သင်တန်းကျောင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များ ရှင်းလင်းဆောင်ရွက်





ရွာငံ၊ ဇူလိုင် ၁၆

ရွာငံမြို့နယ်အတွင်းရှိ JPRF အကြမ်းဖက်အဖွဲ့သင်တန်းကျောင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များ က ၁၅-၇-၂၀၂၄ ရက်နေ့က ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

သတင်းအရ လုံခြုံရေးတပ်ဖွဲဝင်များသည် ရွာငံမြို့နယ် မြအေးတီကျေးရွာအနီး အကြမ်းဖက်အဖွဲ့များ၏ သင်တန်းဖွင့်လှစ်သည့်စခန်းအား ရှင်းလင်းရာ အကြမ်းဖက်သမား ၅ ဦးခန့်သည် စခန်းအတွင်းမှ လက်နက်ငယ်များဖြင့်ပစ်ခတ်၍ လုံခြုံရေးတပ်ဖွဲဝင်များမှ ၄ဝ မမ၊ အီနာဂါ၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်‌ချေမှုန်းခဲ့ရပြီး အကြမ်းဖက်အဖွဲများ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲဝင်များ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်အဖွဲ့များ၏ သင်တန်းဖွင့်လှစ်သည့် စခန်းနေရာမှ မိုးကာတဲကြီး/သေး(၉)လုံး၊ စားချက်/ စာသင် ခန်းမ (၂၀x၈ပေ)(၁)ခု၊  ဂါလံ ၂၀၀ ဆံ့ ယာယီရေလှောင်ကန် (၃)လုံး၊ တန်းစီ ကွင်း(၃၀ x ၁၀ ပေ) ၁ ခု၊  M-21(ဒင်မပါ) ၁ လက်၊ လေ့ကျင့်ရေးလက်လုပ်သေနတ် (သစ်သား) ၃၃ လက်၊ လက်လုပ်လေသေနတ် ၁ လက်၊ လေ့ကျင့်ရေးလက်လုပ်မိုင်း ၂၂ လုံး၊ ဆေးရုံသုံးဝတ်စုံ ၁၄၉ ထည်၊ အကြမ်းဖက်အဖွဲအသုံးပြုသည့် အလံကြီး/ သေး(၁၀) ထည်နှင့် အခြားဆက်စပ်ပစ္စည်းတိုအား သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်စခန်းအား မီးရှိဖျက်ဆီးခဲ့ကြောင်း သိရသည်။


Photo Crd -

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)