ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် MNDAA ဦးဆောင်သော အကြမ်းဖက်အဖွဲ့များက
ကျူးလွန်လျှက်ရှိသော စစ်ရာဇဝတ်မှုများအပေါ် ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်ချက်
ရက်စွဲ ။ ။ ၁၁ - ၇ - ၂၀၂၄
ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် MNDAA, TNLA, AA, PDF အကြမ်းဖက်အဖွဲ့များက တိုက်ပွဲများ ဖော် ဆောင်၍ အပြစ်မဲ့ ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်း ဖြစ်ပါသည်။
MNDAA အကြမ်းဖက်အဖွဲ့က လားရှိုးမြို့အတွင်းသို့ ရှော့တိုက်ဒုံးများ နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုများ လုပ် ဆောင်ခဲ့ပြီး အပြစ်မဲ့ အရပ်သား ပြည်သူများ ထိခိုက်သေဆုံးခဲ့ရသည်။ ယနေ့ (၁၁-၇-၂၀၂)ရက်နေ့တွင် လည်း MNDAA အကြမ်းဖက်အဖွဲ့က ပစ်ခတ်သည့် ရှော့တိုက်ဒုံး လားရှိုးမြို့အတွင်း ကျရောက်ပေါက် ကွဲမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ နောင်ချိုမြို့မှာလည်း TNLA/PDF အကြမ်းဖက်သမားများ၏ လက်ချက် ဖြင့် မြို့ပျက်လုနီးပါး ဖြစ်ခဲ့ရပါသည်။
အကြမ်းဖက်အဖွဲ့များ၏ ရက်စက်ယုတ်မာရိုင်းစိုင်းမှုကြောင့် လားရှိုး၊ နောင်ချိုမှ ဒေသခံပြည်သူများ စစ် ဘေးရှောင်ဘဝရောက် နေရပြီး အတိဒုက္ခများ ကြုံတွေ့နေကြရသည်မှာ ဝမ်းနည်းဖွယ်ရာ ဖြစ်ပါသည်။
MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့များသည် ၁၀၂၇ စစ်ဆင်ရေးဟု ခေါင်းစဉ်တပ်၍ အကြမ်းဖက်လုပ် ရပ်များ ကျူးလွန်ခဲ့ကြပြီး အပြစ်မဲ့ အရပ်သားပြည်သူများ အတိဒုက္ခရောက်အောင် လုပ်ဆောင်ခဲ့ကြ သည့်အပြင် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူများ လက်မခံနိုင်သော ဘာသာရေးစော်ကားသည့် လုပ်ရပ် များကိုလည်း ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့ကြသည်။ မြန်မာနိုင်ငံအဝှမ်းရှိ ရဟန်းရှင်လူပြည်သူ တစ်ရပ်လုံးက ပြတ်သားစွာနှိမ်နင်း ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြပါသည်။
MNDAA, TNLA, AA, PDF အကြမ်း ဖက်အဖွဲ့များက ၁၀၂၇ စစ်ဆင်ရေး၊ အပိုင်း(၂) ဟု ခေါင်းစဉ်တပ်၍ အပြစ်မဲ့ ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်သည့် စစ်ရာဇဝတ်မှုများအပေါ် ပြတ်သားစွာ ကန့်ကွက် ရှုံ့ချသည်။ တာဝန်ရှိသူများ အနေဖြင့် ရဟန်းရှင်လူပြည်သူများ၏ တောင်းဆိုမှုကို အလေးထား၍ အကြမ်း ဖက်အဖွဲ့များကို အမြန်ဆုံး ပြီးပြတ်အောင် နှိမ်နင်းဆောင်ရွက်ပေးနိုင်ပါရန် ဒေသခံ ရဟန်းရှင်လူပြည်သူ များ အကျိုးကို ထောက်ရှု၍ အလေးအနက် တိုက်တွန်းတောင်းဆိုပါသည်။
နေပြည်တော်အမျိုးသားရေးအဖွဲ့
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment