မြန်မာသံရုံး၊ တိုကျိုမြို့နှင့် NHK Cultural Promotion Centre တို့ပူးပေါင်း၍ Embassy Lecture on “Understanding Myanmar” ဆွေးနွေးပွဲအခမ်းအနားပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာသံရုံး၊ တိုကျိုမြို့နှင့် NHK Cultural Promotion Centre တို့ပူးပေါင်း၍ Embassy Lecture on “Understanding Myanmar” ဆွေးနွေးပွဲအခမ်းအနားပြုလုပ်



တိုကျို၊ ဇူလိုင် ၅

မြန်မာသံရုံး၊ တိုကျိုမြို့နှင့် NHK Cultural Promotion Centre တို့ ပူးပေါင်း၍ Embassy Lecture on “Understanding Myanmar” ဆွေးနွေးပွဲအခမ်းအနားအား မြန်မာသံရုံး၊ တိုကျိုမြို့တွင် ၅-၇-၂၀၂၄ ရက် (သောကြာနေ့)၊ နေ့လယ် ၁၁၃၀ နာရီမှ ၁၄၃၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့သည်။ 

အဆိုပါအခမ်းအနားတွင် ပထမဦးစွာ သံအမတ်ကြီးဦးစိုးဟန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံ၏ နောက်ခံသမိုင်းအချက်အလက်များ၊ မြန်မာ-ဂျပန်ဆက်ဆံရေး သမိုင်းကြောင်းတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ရိုက်ကူးထားသည့် Friendly Myanmar ဗွီဒီယိုဖိုင်ကို ဖွင့်လှစ်ပြသခဲ့ပါသည်။ ထို့ပြင် မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ မြန်မာ့စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့် မြန်မာ့ပညာရေး အချက်အလက်များနှင့် ပတ်သက်၍လည်း တာဝန်ရှိသူအသီးသီးတို့မှ ရှင်းလင်း ပြောကြားခဲ့ကြသည်။  

ထို့နောက် မြန်မာအစားအစာဟင်းလျာများ၊ မြန်မာရိုးရာမုန့်မျိုးစုံနှင့် လက်ဖက်သုပ်၊  မြန်မာကော်ဖီ၊ မြန်မာလက်ဖက်ရည်စသည့် မြန်မာ့ရိုးရာအစားအစာများဖြင့်  တည်ခင်းဧည့်ခံခဲ့ပါသည်။ ထို့ပြင် အခမ်းအနားတွင် မြန်မာ့ရိုးရာဝတ်စုံများ၊ မြန်မာလက်မှုအနုပညာ ပစ္စည်းများကို ခင်းကျင်းပြသခဲ့ခြင်း ဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်နှင့် မြန်မာနိုင်ငံအကြောင်းကို ဂျပန်လူမျိုးများအကြား ပိုမိုသိရှိနားလည်စေရန် မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)