အမှုအခင်းကိစ္စတစ်ခု ပေါ်ပေါက်လာတဲ့အခါမှာ တရားခံကို ရှာကြရပါတယ်။ တရားခံကို ဥပဒေနဲ့အညီ ထိန်းသိမ်းဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းကြရပါတယ်။ ယနေ့တိုင်းပြည်တွင်းမှာ ဆူပူအကြမ်းဖက်လုပ်ရပ်များနဲ့အတူ ပြည်သူလူထုရဲ့ နေ့စဉ်လူမှုစီးပွားဘဝ အခက်အခဲမျိုးစုံ ကြုံတွေ့နေကြရပါတယ်။ ပြည်သူလူထုရဲ့ နေ့စဉ်လူမှုစီးပွားဘဝမှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဘယ်သူတွေက လုပ်ဆောင်နေတာလဲ။ ပြည်သူလူထုကို အကြောက်တရားနဲ့ ခြိမ်းခြောက်နေတဲ့ တရားခံတွေဟာ ဘယ်သူတွေလဲဆိုတာကတော့ ခက်ခက်ခဲခဲ အဖြေရှာဖို့ မလိုပါဘူး။ အမေးရှိရန် အဖြေရှိသလို အမှုအခင်းကိစ္စတိုင်းမှာလည်း တရားခံဆိုတာ ရှိပါတယ်။
လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ
နံပါတ်တစ်အနေနဲ့ ပြောမယ်ဆိုရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ကိုဗစ်တတိယလှိုင်းမှာကတည်းက ပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဘေးကနေ ကာကွယ်နိုင်ဖို့ လိုအပ်တာမှန်သမျှ လုပ်ဆောင်ကြဖို့၊ လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိကြောင်း ပြောခဲ့ပြီး ကိုဗစ်-၁၉ ကြောင့် ရဟန်းရှင်လူပြည်သူများ သေဆုံးမှုလျှော့ပါးအောင် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ အဲဒီအချိန်ကတည်းကတည်းကိုက အကြမ်းဖက်လှုပ်ရှားမှုတွေကို လုပ်ဆောင်နေပြီဖြစ်တဲ့ NLD အသွင်းပြောင်း CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုတွေ စတင်နေပြီဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးအတွက် လိုအပ်တဲ့ဆေးဝါးများကို နယ်စပ်ဂိတ်ပေါက်များကနေ တင်သွင်းခွင့်ပြုခဲ့ရာမှာ NLD အစိုးရလက်ထက်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး တာဝန်ယူခဲ့တဲ့ ဝင်းမြတ်အေး တို့က ထိုင်းနယ်စပ်ကနေ လက်နက်၊ ခဲယမ်းတွေကို ပြည်တွင်းမှာ ရှိတဲ့ NLD လွှတ်တော်အမတ်ဟောင်း မောင်ကျော်(ခ) ဇေယျာသော်၊ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက ဂျင်မီ တို့ကို တင်သွင်း ပို့ဆောင်ပေးပြီး အပြစ်မဲ့ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာတွေရဲ့ အောက်တန်းကျ ယုတ်မာမှုကို ပြန်ဆန်းစစ်ကြည့်မယ်ဆိုရင် ကိုဗစ်-၁၉ လူနာတွေအတွက် လိုအပ်တဲ့ အောက်ဆီဂျင်အိုးတွေ တင်သွင်းခွင့်ပြုရာမှာ အောက်ဆီဂျင်အိုးထဲကို လက်နက်ခဲယမ်းများ ထည့်သွင်းပြီး အကြမ်းဖက်လှုပ်ရှားမှုကို ဦးဆောင်သူများထံ ပို့ဆောင်ပေးခဲ့ကြတာ ဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိဆိုတဲ့ ဆောင်ပုဒ်နဲ့ ကိုဗစ်-၁၉ ကြောင့် ပြည်သူများ သေဆုံးမှုမရှိရအောင် ကြိုးပမ်းဆောင်ရွက်နေချိန် NLD ပုံပြောင်း CRPH, NUG, PDF အကြမ်းဖက်အဖွဲ့ဝင်တွေကတော့ တန်ဖိုးရှိလှတဲ့ လူ့အသက်တွေကို ကြက်ကလေး ငှက်ကလေးများကို သတ်သလို သတ်ဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို NLD ပုံပြောင်း CRPH, NUG, PDF အကြမ်းဖက်အဖွဲ့ဝင်တွေက နည်းမျိုးစုံနဲ့ သတ်ဖြတ်နေတဲ့အချိန်မှာ ကာကွယ်မှုပေးဖို့ ဘယ်သူ့မှာ တာဝန်ရှိသလဲလို့မေးရင်တော့ နစကအစိုးရပဲ ဖြစ်ပါတယ်။ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုများ စတင်စဉ်အချိန်က ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ရဲတပ်ဖွဲ့ဆိုတာကလည်း နီပိန်း အကြမ်းဖက်သမားများနဲ့ ပတ်သက်လို့ သတင်းပေး တိုင်ကြားရင် သတင်းပေးတိုင်ကြားသူ အသတ်ခံရအောင် လုပ်ခဲ့လေတော့ တန်ဖိုးရှိလှတဲ့ လူ့အသက်တွေဟာ CRPH, NUG, PDF နဲ့အတူ နိုင်ငံတော်တာဝန်ထမ်းဆောင်ရင်း အကြမ်းဖက်အားပေးလုပ်နေသူတချို့ရဲ့ လက်ချက်ကြောင့် မရှုမလှသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေ များလွန်းမက များလာခဲ့ပါတယ်။ အကြမ်းဖက်သမားများရဲ့ သတ်ဖြတ်ခြင်းခံရပြီး အလောင်းပြန်ကောက်ပေးဖို့တောင် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ အခြေအနေမျိုးတွေ ကြုံတွေ့ခဲ့ရပါတယ်။
ပညာရေး နှင့် ကျန်းမာရေး
ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် ပိတ်ထားရတဲ့ ကျောင်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကစလို့ လုပ်ဆောင်ခဲ့ပါတယ်။ ကျောင်းတွေ ပြန်ဖွင့်တော့မယ်လို့ အသံကြားတာနဲ့ ပြည်ပြေး ဝရမ်းပြေး မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လို တို့က ဦးဆောင်ပြီး ကျောင်းမတက်နဲ့ ကျောင်းထွက် လှုံ့ဆော်ခဲ့ကြတယ်။ သူတို့ရဲ့ တော်လှန်ရေးဟာ ၂လ၊ ၃လ၊ ၄ ၅ ၆လ ဆိုပြီးမယ်တဲ့။ အဲဒီတော့မှ ကျောင်းတက်ကြပါတဲ့။ ကျောင်းထားကြမယ့် မိဘတွေကို လူယုတ်မာ ဖာသည်မသား မျိုးရန်နောင်သိန်းက ခြိမ်းခြောက်လိုက်သေးတယ်။ ခင်ဗျားတို့ သားသမီးတွေ ခြေပြတ်လက်ပြတ် ဖြစ်ချင်ရင် ကျောင်းအပ်၊ တာဝန်မယူဘူးတဲ့။ အဲဒီလို လှုံ့ဆော်မှုတွေကြောင့် တချို့ နီပိန်းတွေက ကျောင်းမထားကြဘူး။ နီပိန်း လူလည်များက ပြည်ပြေး ဝရမ်းပြေးတွေနဲ့ သံယောင်လိုက်နေသော်လည်း သူတို့သားသမီးတွေကို ကျောင်းမဖွင့်မီကတည်းက ပုဂ္ဂလိကျောင်းတွေမှာ အပ်နှံထားတယ်။ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လှုံ့ဆော်မှုနဲ့အတူ နီပိန်း ပဒက် တွေကလည်း လက်စွမ်းပြခဲ့တယ်။ စာသင်ကျောင်းတွေကို မီးရှို့ဖျက်ဆီး၊ ဆရာ/ဆရာမ နဲ့ ပညာရေးဝန်ထမ်းတွေကို လုပ်ကြံသတ်ဖြတ်သည်အထိ ယုတ်မာရိုင်းစိုင်းခဲ့ကြတယ်။ အဲဒီတော့ ပညာရေးကဏ္ဍ ကမောက်ကမ ဖြစ်အောင် နစကလား၊ NLD ပုံပြောင်း ပြည်ဖျက်မိစ္ဆာတွေလား။ တရားခံက အဖြေရှင်းပါတယ်နော်။
၁၇-၇-၂၀၂၁ ရက်နေ့က ဆိုရင်ပဲ ပခုက္ကူမြို့နယ်၊ အောင်သာကျေးရွာမှာ PDF အကြမ်းဖက်သမားတွေက ရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb တွေနဲ့ ပစ်ချတိုက်ခိုက်လို့ ကျောင်းအုပ်ဆရာမကြီး အပါအဝင် ၃ဦး သေဆုံး၊ ဆရာမ ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်က ပူပူနွေးနွေးပဲ ရှိပါသေးတယ်။
ကျန်းမာရေးကဏ္ဍ ကတော့ ဆူပူဆန္ဒပြမှုတွေ လုပ်ပါပြီဆိုကတည်းက တချို့သော ဆရာဝန်၊ ဆရာမတွေက ဆေးရုံမှာ မရှိတော့ဘူး။ ပြည်ဖျက်မိစ္ဆာတွေရဲ့ အလိုကျ လမ်းပေါ်ရောက်နေကြပြီ။ ဆေးလာကုတဲ့ ပြည်သူတွေကို ကုသမှုမပေးကြတော့ဘူး။ CDM ခေါင်းစဉ်အောက်ကနေ အပြစ်မဲ့ ပြည်သူများကို အသံတိတ်သတ်ခဲ့ကြတယ်။ လိုအပ်ချက်တွေ ဖြစ်ပေါ်နေတဲ့ ကျန်းမာရေးကဏ္ဍအတွက် တပ်မတော်က ဆရာဝန်၊ ဆရာမတွေနဲ့ အနယ်နယ်အရပ်ရပ်ကို ဖြန့်ကျက် တာဝန်ထမ်းဆောင်ရတဲ့ အခြေအနေမျိုး ဖြစ်လာပါတယ်။
ငွေကြေးနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှု
၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးမှာ NLD ပါတီက မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့တာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူခဲ့ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူပြီး ၄-၂-၂၀၂၁ လောက်ကစပြီး NLD ဦးဆောင်သူများ၊ ၈၈ပွင့်လင်းလူ့အဖွဲ့အစည်းအမည်ခံ အမေရိကန်သူဌေးကြီး ဂျော့ဆိုးရော့စ်ရဲ့ ဒူးမနာသားများ ဖြစ်ကြတဲ့ မင်းကိုနိုင်၊ ဂျင်မီတို့က ဦးဆောင်ပါဝင် လှုံ့ဆော်ပြီး ဆူပူဆန္ဒပြမှုတွေကို စတင်ခဲ့ပါတယ်။ ဆူပူဆန္ဒပြမှုတွေ ကြီးထွားလာအောင် ဓာတ်ဆီလောင်းပေးတဲ့ ပြည်ဖျက်မီဒီယာတွေဟာ ဆန္ဒပြလှုပ်ရှားမှု တစ်ပတ်လောက် ကြာလာတဲ့အခါမှာ ၁၀၀၀၀ တန်၊ ၅၀၀၀ တန် တွေ သိမ်းတော့မှာလို့ မဟုတ်မမှန် စတင်လှုံ့ဆော်ရာကနေ ငွေကြေးတန်ဖိုးကျဆင်းပြီး ဒေါ်လာဈေးတက်လာတယ်။ ကုန်ဈေးနှုန်းကြီးမြင့်မှု ပြဿနာတွေကို ပြည်သူများ ရင်ဆိုင်လာရပါတယ်။
အဲဒီ ပြည်ဖျက်မီဒီယာတွေကပဲ ထပ်ပြီး ဖာကျပြန်တယ်။ နစကအစိုးရလက်ထက်မှာ မြန်မာငွေကျပ်တန်ဖိုး ကျဆင်းလာတယ်။ ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာတယ်တဲ့။ အဲဒီလို ဖြစ်အောင် ဖန်တီးတာက သူတို့တွေပဲ။ သူတို့ဖန်တီးလို့ အများပြည်သူ အတိဒုက္ခရောက်နေရပြီဆိုတဲ့အချိန်မှာ ဒီလိုဖြစ်လာတာ နစကအစိုးရကြောင့်၊ တပ်မတော်အာဏာလုယူလို့ ဖြစ်ရတာပါလို့ အများပြည်သူကို ဂျင်းထည့် မှိုင်းတိုက်ကြပြန်ပါတယ်။ နီပိန်းများတဲ့ တိုင်းပြည်မှာ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေ ရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှု မှန်သမျှကို ယုံကြည်တယ်။ မိမိတို့ အတိဒုက္ခရောက်အောင် လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေ လုပ်ဆောင်နေတာ ဘယ်သူတွေလဲဆိုတာကို အဖြေမရှာဘူး။ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လုပ်ကြံဖန်တီး လှုံ့ဆော်မှုနဲ့အတူ ပြည်တွင်းမှာ ရှိတဲ့ ဝိသမလောဘသားတွေကလည်း ပြည်ဖျက်မိစ္ဆာတွေရဲ့ လှုံ့ဆော်မှုနဲ့ ချိန်ကိုက် ငွေဈေးကစားတယ်။ ရွှေဈေးကစားတယ်။ ကုန်ဈေးနှုန်းကမောက်ကမဖြစ်အောင် လုပ်တယ်။
ငွေကြေးဈေးကွက်မှာ တည်ငြိမ်မှုရလာပြီဆိုတာနဲ့ ပြည်ဖျက်မီဒီယာတွေကနေ တစ်မျိုးမဟုတ်တစ်မျိုး လုပ်ကြံဖန်တီး လှုံ့ဆော်ပါတယ်။ ယခုရက်ပိုင်းအတွင်းမှာဆိုရင်ပဲ Mobile Banking စနစ်နဲ့ ပတ်သက်လို့ အများပြည်သူ စိုးရိမ်မှုဖြစ်အောင် မဟုတ်မမှန်လုပ်ကြံဖန်တီးလှုံ့ဆော်ရာကနေ ငွေကြေးထုတ်ယူမှု အဆင်မပြေဖြစ်ရတဲ့ ပြဿနာတွေ ကြုံတွေ့ခဲ့ရပါတယ်။ ငွေကြေးလည်ပတ်စီးဆင်းမှု အဆင်မပြေဖြစ်အောင်၊ ပြည်သူလူထုနေ့စဉ် လူမှုစီးပွားဘဝမှာ အခက်တွေ့အောင် လုပ်နေတာကတော့ NLD ပုံပြောင်း CRPH, NUG အဖွဲ့ဝင်တွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ ပူးပေါင်းလှုံ့ဆော်မှုပဲ ဖြစ်ပါတယ်။
နစကအစိုးရတာဝန်ရှိသူတွေအနေနဲ့က ပြည်တွင်းမှာ ရှိတဲ့ ဝိသမလောဘသားတွေကိုတော့ စိစစ်အရေးယူတာမျိုး လုပ်ဆောင်နိုင်ပါတယ်။ အဓိက လှုံ့ဆော်သူ CRPH, NUG အဖွဲ့ဝင်တွေကတော့ အမေရိကန်နိုင်ငံသား၊ အင်္ဂလန်နိုင်ငံသား၊ သြစတေးလျှနိုင်ငံတို့မှာ ခိုလှုံပြီး လှုံ့ဆော်နေကြတာဖြစ်တဲ့အတွက် ထိန်းချုပ်လို့ မလွယ်ကူတဲ့ အခြေအနေ ဖြစ်ပါတယ်။ BBC, VOA, RFA အစရှိတဲ့ ပြည်ဖျက်မီဒီယာများ ဆိုသည်မှာလည်း အင်္ဂလန်အခြေစိုက်၊ အမေရိကန်အခြေစိုက် သတင်းဌာနများဖြစ်လို့ အရေးယူနိုင်ခြင်း မရှိပါဘူး။ DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now အစရှိသော ဆူပူအကြမ်းဖက်လှုံ့ဆော်၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ကြံဖန်တီးရေးသားနေတဲ့ ပြည်ဖျက်မီဒီယာများကို ဦးဆောင်သူများဟာလည်း ပြည်ပြေး ဝရမ်းပြေးများ ဖြစ်နေတဲ့အတွက် အရေးယူဆောင်ရွက်နိုင်ခြင်း မရှိပါဘူး။
စက်သုံးဆီကဏ္ဍ
ကုန်စည်စီးဆင်းမှုနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ လောင်စာဆီဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ ကိုဗစ်-၁၉ ကာလအတွင်းမှာ လောင်စာဆီဈေးနှုန်းဟာ အနိမ့်ဆုံးအခြေအနေအထိ ရောက်ရှိသွားပြီး ကိုဗစ်-၁၉ အလွန်ကာလမှာ တဟုန်ထိုး တက်လာခဲ့ပါတယ်။ ကမ္ဘာ့လောင်စာဆီဈေးနှုန်းမြင့်တက်လာတာနဲ့အတူ ပြည်တွင်း လောင်စာဆီဈေးနှုန်း မြင့်တက်လာပြန်တော့လည်း ပြည်ဖျက်မိစ္ဆာတွေက ပြည်တွင်းမှာ လောင်စာဆီ ပြတ်လပ်နေပြီ ဆိုတာမျိုးတွေ လှုံ့ဆော်ခဲ့ကြသလို ဝိသမလောဘသားတွေက ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုတွေ လုပ်ဆောင်လာခဲ့ပြန်ပါတယ်။ ဈေးကွက်စီးပွားရေးစနစ်နဲ့ လွတ်လပ်စွာ ယှဉ်ပြိုင်ရောင်းချခွင့် ပြုထားတဲ့အခြေအနေမှာ ပြည်သူလူထုအပေါ် ဂုပ်သွေးစုပ်လိုတဲ့ ဆီဆိုင်လုပ်ငန်းရှင်ကြီးများက လက်ဝါးချင်းရိုက်ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချမှုတွေ လုပ်ဆောင်လာတာကြောင့် စက်သုံးဆီတင်သွင်းသိုလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းပြီး ထိန်းကျောင်းနေရတဲ့ အခြေအနေဖြစ်ပါတယ်။
လက်တလော အခြေအနေမှာ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကချင်ပြည်နယ်ဒေသတချို့၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ်တချို့မှာ စက်သုံးဆီဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတယ်။ ဝယ်ယူလို့မရတဲ့ အခြေအနေမျိုးတွေအထိ ဖြစ်လာတယ်။ ဘာကြောင့်လဲဆိုတာ အဖြေရှိပါတယ်။ ရှမ်းမြောက် မှာဆိုရင် MNDAA, TNLA, PDF အကြမ်းဖက်အဖွဲ့များ ပူးပေါင်းပြီး တိုက်ပွဲတွေ ဖော်ဆောင်နေတယ်။ လမ်းတံတားတွေကို ဖျက်ဆီးထားတယ်။ စက်သုံးဆီဖြန့်ဖြူးတဲ့ ကားတွေ ဘယ်လိုသွားမလဲ။ ထိုနည်းတူစွာပဲ ချင်းပြည်နယ်မှာလည်း CNF, CDF, PDF က လမ်းတံတားတွေ ဖျက်ဆီးထားလို့ သွားလာလို့ မရဘူး။ အခုရက်ပိုင်း အိန္ဒယဘက်ကနေ စက်သုံးဆီခိုးသွင်းနေရတာမျိုး သတင်းထွက်လာတယ်။ ကရင်ပြည်နယ်လည်း ထိုနည်းတူစွာပဲ။ KNU, KNLA, KKO, PDF အကြမ်းဖက်အဖွဲ့တွေ ပူးပေါင်းပြီး လမ်းတံတားတွေ မိုင်းခွဲဖျက်ဆီးတယ်။ ၁၇-၇-၂၀၂၄ ရက်နေ့ကပဲ ရန်ကုန် - မော်လမြိုင် လမ်းပိုင်းမှာရှိတဲ့ တံတားတစ်စင်းကို KNLA, PDF က မိုင်းခွဲဖျက်ဆီးလိုက်သလို ရန်ကုန် - မော်လမြိုင် ရထားလမ်းပိုင်းမှာလည်း ရထားလမ်းကို မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။ ရခိုင်ပြည်နယ်နဲ့ အခြေအနေကိုလည်း လှမ်းမျှော်ကြည့်လိုက်အုံးပေါ့။ မူးယစ်ရာဇာထွန်းမြတ်နိုင် ဦးဆောင်တဲ့ AA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် သွားလာရေးမလွယ်ကူတဲ့ အခြေအနေမျိုးဖြစ်နေပြီ။ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လာသည်နှင့်အမျှ ကုန်ဈေးနှုန်းမြင့်တက်လာတာပဲ ဖြစ်ပါတယ်။
စက်သုံးဆီသယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ထားတာ အစိုးရမဟုတ်ဘူး။ CRPH, NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားများနဲ့ CRPH, NUG နဲ့ တသားတည်း ရပ်တည်ပြီး ပြည်ဖျက်လုပ်ငန်းတွေမှာ ပူးပေါင်းလုပ်ဆောင်နေကြတဲ့ KNU, KIA, KNLA, KKO, CNF, CDF, KNPP, KNDF, PNLO များပြားလှစွာသော တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ ပြည်ဖျက်အုပ်စုရဲ့ လုပ်ရပ်တွေကြောင့်ပဲ ဖြစ်ပါတယ်။
နစကအစိုးရအပိုင်းက များပြားလှစွာသော အကြမ်းဖက်အဖွဲ့တွေကို ဖိဖိစီးစီးနှိမ်နင်းနိုင်မယ်ဆိုရင်တော့ လောင်စာဆီ ဖြန့်ဖြူရေးအပိုင်းမှာလည်း အဆင်ပြေချောမွေ့မယ်။ ကုန်ဈေးနှုန်းများကျဆင်းမယ်။ နစကအစိုးရလို့ ဆိုရာမှာလည်း သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ပေးအပ်ထားသူတွေ ရှိပါတယ်။ ဥပမာအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ်တချို့မှာ လုံခြုံရေးဂိတ်များနဲ့ တစ်မိုင်ကွာ၊ နှစ်မိုင်ကွာမှာ PDF အကြမ်းဖက်သမားများကလည်း ဂိတ်ဖွင့်ပြီး ခရီးသွားပြည်သူများထံကနေ ဆက်ကြေးကောက်နေကြတယ်။ အဲဒါမျိုးကို ခရီးသွားပြည်သူတွေက သိတယ်။ ရှင်းစေချင်တယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက မရှင်းဘဲ ထားတယ်ဆိုတာ ဘယ်လိုသဘောမျိုးလဲတော့ မပြောတတ်တော့ပါဘူး။ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ လုပ်ရပ်တွေကြောင့်လည်း အပြစ်မဲ့ ပြည်သူများရဲ့ ဘဝဟာ မိအေးနှစ်ခါနာ ဆိုသည်ထက် ဆိုးနေပါတယ်။
တိုင်းဖျက် ပြည်ဖျက် လုပ်ငန်းများမှသည် သာသနာဖျက်
ဆူပူအကြမ်းဖက်လှုံ့ဆော်တဲ့ ပြည်ပြေးဝရမ်းပြေးတွေထဲမှာလည်း သံဃာတချို့ ပါဝင်ပါတယ်။ အဲဒီသံဃာတွေ ရဲ့ လှုံ့ဆော်မှုတွေိပြန်ကြည့်ရင်လည်း သံဃာသင်းခွဲတဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှုမျိုးတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ နစကအစိုးရတာဝန်ရှိသူများရဲ့ ပူဇော်ခြင်းကို ခံယူရင် ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ပြေး သံဃာတွေက ဆရာတော်ကြီးများပါမချန် အားမနာပ အောက်လုံးထိုး တိုက်ခိုက်ကြတော့တာပဲ။ သူတို့တွေထဲမှာ ဘာသာခြားတွေရဲ့ ပယောဂလည်း ပူးကပ်နေတော့ သံဃာတော်များရဲ့ ရုပ်ပုံတွေကို ထမီမှာ ချိတ်ဆွဲပြီး သရုပ်ပျက်ဆန္ဒပြတာတွေ လုပ်လာတယ်။ ဗုဒ္ဓဘာသာဝင် လူငယ်တွေ ဘာသာတရားအပေါ် ပျက်ရယ်ပြု စော်ကားရဲလာအောင် လုပ်ပြခဲ့ကြတယ်။
မိုက်သွေးကြွနေတဲ့ နီပိန်းလေးတွေကလည်း ပြည်ဖျက်မိစ္ဆာတွေ လုပ်ကြံဖန်တီးပြီး လှုံ့ဆော်ခိုင်းစေသမျှ ဘာမဆိုလုပ်တယ်။ အကောင်း အဆိုး၊ အကြောင်း အကျိုး ဘာမှ ဆင်ခြင်နိုင်စွမ်းမရှိတော့ဘူး။ KNU, KIA အကြမ်းဖက်အဖွဲ့များထံမှာ အကြမ်းဖက်သင်တန်းတက် မူးယစ်ဆေးဝါးရဲ့ သားကောင်များ ဖြစ်သွားတဲ့အခါ နီပိန်းတွေရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုဟာ အထွဋ်အထိပ်ကို ရောက်လာခဲ့ပါတယ်။ ဘုန်းတော်ကြီးကျောင်းများကို ဝင်ရောက်စီးနင်းတိုက်ခိုက်၊ ဆရာတော် သံဃာတော်များကို ရက်စက်စွာ သတ်ဖြတ်တဲ့ လုပ်ရပ်တွေ ဆိုးရွားစွာ လုပ်ဆောင်ခဲ့ကြပါတယ်။
သံဃာတော်တွေကို ရက်စက်စွာသတ်ဖြတ်၊ ဘုန်းတော်ကြီးကျောင်းများကို မီးရှို့ဖျက်ဆီး လုပ်နေကြတဲ့ PDF အကြမ်းဖက်အဖွဲ့ကို ဦးဆောင်သော ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေက ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကြီးရဲ့ ကားကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မှားယွင်းပစ်ခတ်မှု ဖြစ်ပေါ်လာတဲ့အချိန်မှာတော့ နစကအစိုးရ ကို သာသနာဖျက်အစိုးရလို့ ခေါင်းစဉ်တပ်ပြီး ပတ္တနိက္ကုဇ္ဇနကံဆောင်ဖို့အထိ ဝေဝေဆာဆာ လှုံ့ဆော်ခဲ့ကြပါတယ်။ အစိုးရကို သိက္ခာချရုံမျှနဲ့ အားမရနိုင်ဘဲ သီတဂူဆရာတော်ကြီးကိုပါ သပိတ်မှောက်ဖို့အထိ ထည့်သွင်းလှုံ့ဆော်လာခဲ့ကြပါတယ်။ နစကအစိုးရက လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ မှားယွင်းမှုကြောင့် ဖြစ်ခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်က တောင်းပန်လျှောက်ထားလွှာ ပေးပို့ပြီး သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန က ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် သွားရောက်လျှောက်ထား တင်ပြခဲ့ပါတယ်။
သံဃာတော် အပါး ၁၄၀ ကျော်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့၊ ဘုန်းတော်ကြီးကျောင်းများကို ဝင်ရောက် ဓားမြတိုက်၊ လုယက်မှုတွေ ကျူးလွန်ခဲ့တဲ့ CRPH, NUG, PDF က နစကကို သာသနာဖျက်တဲ့ဗျာ။
သံဃာတော်များက ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ ဘာသာ သာသနာအပေါ် ထားတဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်ကို သိပြီးဖြစ်တဲ့အတွက် ပြည်ဖျက်မိစ္ဆာတွေရဲ့ လှုံ့ဆော်မှုအပေါ်မှာ နားမယောင်ကြတော့ပါဘူး။ နစကအစိုးရဲ့ အကြမ်းဖက်နှိမ်နင်းရေး အားနည်းမှုကြောင့် သံဃာတော်များဟာ ပြည်ဖျက်မိစ္ဆာများရဲ့ ပစ်မှတ်ဖြစ်နေရတဲ့အတွက် နစကအစိုးရအနေနဲ့ အကြမ်းဖက်နှိမ်နင်းရေးကို ဒီထက်ပိုပြီး အလေးထားလုပ်ဆောင်ဖို့ တိုက်တွန်းပြောဆိုမှုတွေလည်း ရှိလာပါတယ်။ ပြောဆိုရန် မသင့်တဲ့အတွက် ရေငုံနှုတ်ပိတ် နေကြရတဲ့ သံဃာတော်တွေမှာလည်း နစကရဲ့ ထိရောက်တဲ့ အကြမ်းဖက်နှိမ်နင်းရေးကို မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။
ဘင်္ဂါလီများကို အကြောင်းပြု၍ စီးပွားရှာခြင်း
ဘင်္ဂါလီများကို အကြောင်းပြုပြီး လူမျိုးလိမ်နာမည်နဲ့ စီးပွားရှာတဲ့ အလုပ်ကိုတော့ ပြည်ဖျက်မီဒီယာတွေက ဦးဆောင်ပြီး လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်နေတဲ့ အချိန်မှာ ဆော်ဒီအာရေဗျ က ဘင်္ဂါလီများကို မြန်မာနိုင်ငံက လက်ခံပေးဖို့၊ လက်ခံပေးမယ်ဆိုရင် လိုအပ်တဲ့ စီးပွားရေးဆိုင်ရာများ ကူညီပေးမယ်လို့ ကမ်းလှမ်းခဲ့ဖူးတဲ့အကြောင်း ဆော်ဒီမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သံအမတ်ကြီးရဲ့ ရေးသားဖော်ပြမှုတွေကို လေ့လာခဲ့ရဖူးပါတယ်။ အဲဒီလို လက်ခံဖို့ မဖြစ်နိုင်ကြောင်း မြန်မာပြည်ဘက်က တုန့်ပြန်လိုက်ပြီးတဲ့ နောက်ပိုင်းမှာ ဆော်ဒီက ပြည်ပြေး ဝရမ်းပြေးတွေ ဖြစ်တဲ့ ဟန်ညောင်ဝေ၊ မောင်ဇာနည်တို့လို ပြည်ဖျက်မိစ္ဆာတွေကို ငွေကြေးပံ့ပိုးပေးပြီး လူမျိုးလိမ်ပြဿနာ ဖန်တီးမှုပြဿနာ ကြီးထွားလာပြီး လူမျိုးလိမ်ခေါင်းစဉ်တဲ့ လုပ်စားသူတွေလည်း များပြားလာပါတယ်။
DVB, Mizzima, The Irrawaddy တို့ကနေ စပြီး သူတို့နဲ့ ဆက်နွယ်တဲ့ ပြည်ဖျက်မီဒီယာများအားလုံး လူမျိုးလိမ်နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်တဲ့ အခြေအနေမျိုး ဖြစ်လာပါတယ်။ နောက်တော့ နိုင်ငံရေးလုပ်စားသူတွေကိုလည်း လူမျိုးလိမ်နာမည်နဲ့ ပါဝင်လုပ်စားဖို့ စည်းရုံးသိမ်းသွင်းလိုက်ကြပါတယ်။ လူ့အခွင့်အရေးအရည်ခြုံ အောင်မျိုးမင်းတို့လို့ ပြည်ဖျက်မိစ္ဆာတွေလည်း လူမျိုးလိမ်နာမည်တစ်လုံးအတွက် တိုက်ပွဲဝင်သူတွေ ဖြစ်လာပါတယ်။ ပြည်ပြေး ကာတွန်းဆရာတစ်ယောက်ဖြစ်တဲ့ နာနတ်သီး ဆိုရင် ယခင်က လူမျိုးလိမ်ဖန်တီးသုံးစွဲမှုကို သရော်ခဲ့ပေမယ့် ပြည်ပကို ရောက်သွားပြီးချိန်မှာ အဲဒီလို သရော်ခဲ့မိတာကို တောင်းပန်ပြီး လူမျိုးလိမ်ခေါင်းစဉ်နဲ့ လုပ်စားတဲ့အထဲ ပါဝင်သွားရပါတယ်။
NLD ပုံပြောင်း CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်တွေဟာ အာဏာရှိစဉ်က ဒီလူမျိုးလိမ်ကို လက်ခံလိုက်ရင် ပြဿနာကြီးထွားလာမှာကို ရိပ်စားမိတဲ့အတွက် ရေငုံနှုတ်ပိတ်နေခဲ့ကြပေမယ့် အာဏာလက်မဲ့ ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်အဖွဲ့အဖြစ် ရပ်တည်လှုပ်ရှားနေရချိန်မှာတော့ လူမျိုးလိမ်အမည်ကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပါတယ်ဆိုပြီး မျက်နှာပြောင်တိုက် လုပ်စားတဲ့ အခြေအနေမျိုးကို ရောက်ရှိသွားခဲ့ပါတယ်။ NUG အကြမ်းဖက်အဖွဲ့ရဲ့ လူ့အခွင့်အရေးဌာနမှာ အောင်မျိုးမင်း၊ အောင်ကျော်မိုး အစရှိတဲ့ လူမျိုးလိမ်နာမည်နဲ့ လုပ်စားတဲ့ ကောင်တွေကို နေရာပေးထားရတဲ့ အခြေအနေမျိုးအထိ ရောက်ရှိသွားခဲ့ပါတယ်။
တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားသူများ
NLD ပါတီကို ပြည်သူအများက အားကိုးယုံကြည်ခဲ့ကြပါတယ်။ သံဃာတော်များကလည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ NLD ပါတီအာဏာရစဉ်ကာလအတွင်း ဆောင်ရွက်ချက်တွေမှာ အများပြည်သူအတွက် ကောင်းကျိုးမပြုသလို ဘာသာ သာသနာအတွက်လည်း ကောင်းကျိုးမပြုခဲ့ဘူးဆိုတာကို သံဃာတော်များက သိမြင်နားလည်လာတဲ့အတွက် NLD ကို သတိထားစောင့်ကြည့်ခဲ့ကြပါတယ်။ ဆင်ခြင်တုံတရားကင်းမဲ့လွန်းတဲ့ နီပိန်းများကတော့ NLD ဦးဆောင်သူများဟာ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုနဲ့ တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားနေတဲ့ လုပ်ရပ်တွေကို မမြင်ကြပါဘူး။ NLD ဦးဆောင်သူများဟာ တိုင်းပြည်ကို စီမံကွပ်ကဲဖို့ရာ အရည်အချင်းမရှိတဲ့အတွက် နိုင်ငံခြားသား အကြံပေးတွေ ငှားရမ်းအသုံးပြုနေလည်း နီပိန်းတွေက အပြစ်မမြင်ပါဘူး။
NLD အစိုးရလက်ထက် လုပ်ဆောင်ချက်များနဲ့ ပတ်သက်လို့ သံဃာတော်များက ဝေဖန်ထောက်ပြတာမျိုးကို NLD လော်ဘီတွေက တုန့်ပြန်စော်ကားတဲ့အခါ နီပိန်းတွေကလည်း သံယောင်လိုက်ပြီး စော်ကားကြပါတယ်။ နီပိန်းတွေကို မေးကြည့်တဲ့အခါ NLD ပါတီကို ဘာကြောင့်ထောက်ခံတာလဲလို့မေးရင် ဗိုလ်ချုပ်သမီး ဒေါ်စု ဦးဆောင်နေလို့ ထောက်ခံတာပါ။ ဒေါ်စုက တိုင်းပြည်အတွက် ဘာတွေ ကောင်းကျိုးပြုသလဲလို့ မေးရင် သူတို့မှာ အဖြေမရှိပါဘူး။
ဗိုလ်ချုပ်ကို ပြည်သူအားလုံးက အသိအမှတ်ပြု လေးစားချစ်ခင်ကြပါတယ်။ တိုင်းပြည်ကို ကိုလိုနီနယ်ချဲ့အင်္ဂလိပ် လက်အောက်က လွတ်မြောက်အောင် ဦးဆောင်ကြိုးပမ်းခဲ့သူများထဲက တစ်ဦးဖြစ်နေလို့ပါပဲ။ သို့သော် ဗိုလ်ချုပ် သမီးလို့ ဆိုတဲ့ ဒေါ်စုကတော့ အင်္ဂလိပ်မယားဖြစ်ပြီး အမျိုးဇာတ်ပျက်ယွင်းသွားသည့်တိုင်အောင် ပြည်သူများက ဗိုလ်ချုပ်သမီးဆိုတဲ့အသိနဲ့ အားပေးထောက်ခံခဲ့ကြပါတယ်။ ဗိုလ်ချုပ်သမီး က အာဏာမရခင်ကတော့ သူအာဏာရရင်ပဲ နေ့ချင်းညချင်း တဲထဲကနေ တိုက်ပေါ်ရောက်တော့မှာလိုလို၊ အဂတိလိုက်စားမှုတွေကို ပြတ်ပြတ်သားသား နှိမ်နင်းတော့မှာလိုလို၊ တရားဥပဒေစိုးမိုးရေး အပြည့်အဝ ရတော့မှာလိုလို မစားရဝခမန်းတွေ ပြောပြီး အာဏာရတဲ့အခါကြတော့ သူမကိုယ်တိုင် က အဂတိလိုက်စားတယ်။ သူမရဲ့ ထမိန်နားခိုပြီး လိုက်ပါလာကြတဲ့ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်ဆိုသူများကလည်း အဂတိလိုက်စားတယ်။ တိုင်းပြည်ဘဏ္ဍာထဲက ရသမျှ ခိုးယူပြီး အာဏာသက်ဆိုးရှည်ဖို့ရာမှာလည်း မဲလိမ်မဲခိုးမှုတွေကို အဆိုးဆုံးအခြေအနေ ကျူးလွန်ခဲ့ကြတယ်။ မအောင်မြင်ခဲ့ဘူး။
နောက်ဆုံးတော့ မစားရတဲ့ အမဲ သဲနဲ့ပတ်မယ်လို့ ဆုံးဖြတ်ပြီး အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ ကူညီပံ့ပိုးမှုနဲ့ အကြမ်းဖက်လှုပ်ရှားမှုနဲ့ အတူ အလုံးစုံပျက်သုဉ်းရေးကို ပုံဖော်ခဲ့ကြတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်နေမှု၊ ပညာရေးနှင့် ကျန်းမာရေး၊ ငွေကြေးကဏ္ဍ၊ လောင်စာဆီကဏ္ဍ အစရှိသော တိုင်းပြည်ရဲ့ အခြေခံလိုအပ်ချက်များ ကမောက်ကမဖြစ်အောင် လုပ်ဆောင်နေမှုများကို ဆန်းစစ်ကြည့်ရင် တရားခံ အစစ်အမှန် ဟာ NLD ပုံပြောင်း NUG နဲ့ အပေါင်းအပါများပဲ ဆိုတာ ထင်ရှားစွာ သိမြင်နားလည်ကြလိမ့်မယ်လို့ ထင်ပါတယ်။
NLD ပုံပြောင်း CRPH, NUG, PDF နဲ့ သူတို့ရဲ့ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းတွေကတော့ သူတို့ရဲ့ ဦးတည်ချက်ဖြစ်တဲ့ အလုံးစုံ ပျက်သုဉ်းရေးကို စဉ်ဆက်မပြတ် လုပ်ဆောင်လျှက် ရှိပါတယ်။ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီး မူလအခြေအနေသို့ရောက်အောင် ပြန်လည်ဆောင်ရွက်ရမယ့် တပ်မတော်ဦးဆောင်တဲ့ နစကအစိုးရ က ခန့်အပ်ထားတဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ပေးခြင်းခံထားရတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူများကတော့ အကြမ်းဖက်နှိမ်နင်းရေး၊ ပြည်ဖျက်မိစ္ဆာကင်းစင်ရေးအပေါ်မှာ လုံလထုတ်ခြင်း မရှိဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ တချို့သော တာဝန်နှင့် လုပ်ပိုင်ခွင့်ရှိသူများဟာ NLD အစိုးရလက်ထက် က တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာသွားကြတဲ့ လွှတ်တော်အမတ်၊ ဝန်ကြီး၊ ဝန်ငယ်တွေကို အားကျပုံပေါ်ပါရဲ့။ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အလေးထား လုပ်ဆောင်ရမယ့် တာဝန်ရှိသူတွေဟာ မိမိတာဝန်ထမ်းဆောင်ရာ နယ်မြေဒေသမှာ နီပိန်း ပဒက်အကြမ်းဖက်သမားများ ရှိနေပါလျှက် မရှိသယောင် လိမ်ညာကြတယ်။ အကြမ်းဖက်နှိမ်နင်းရေး မလုပ်ဘူး။ အကြမ်းဖက်သမား ကျူးလွန်ခဲ့တဲ့ အမှုအခင်းများအပေါ်ကနေ ကိုယ်ကျိုးရှာကြတယ်။ အကြမ်းဖက်အားပေး လုပ်နေတဲ့ လုပ်ငန်းရှင်တချို့ရဲ့ ပြုစုယုယမှုအပေါ်မှာ သာယာမိန်းမောပြီး အကြမ်းဖက်နှိမ်နင်းအတွက် တောင်းဆိုနေကြတဲ့ ပြည်သူများကိုပင် စစ်သွေးကြွလို့ ရိုးစွပ်ချင်ကြတယ်။
ပြည်သူလူထုကြုံတွေ့ခံစားနေရသမျှ အတိဒုက္ခအပေါင်းရဲ့ တရားခံဟာ NLD သို့မဟုတ် NUG နဲ့ အပေါင်းအပါ ပြည်ဖျက်မိစ္ဆာတွေ ဖြစ်ပါတယ်။ တရားလိုက တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူများ၊ အလုံးစုံပျက်သုဉ်းရေးကို ဖော်ဆောင်နေတဲ့ ပြည်ဖျက်မိစ္ဆာများအပေါ် ဥပဒေနဲ့အညီ ဆောင်ရွက်ရန် တာဝန်ရှိသူများက နစကအစိုးရက တာဝန်ပေးအပ်ထားသူများ ဖြစ်ပါတယ်။ ယနေ့အချိန်အထိ တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများရဲ့ လိုလားတောင်းတမှုတွေ မပြည့်ဝသေးဘူးဆိုတာကတော့ နစကအစိုးရက ခန့်အပ်ထားသော တာဝန်နှင့် လုပ်ပိုင်ခွင့် ရှိသူများက တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးရေးအတွက် ဦးတည်ဆောင်ရွက်ခြင်း မရှိဘဲ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ပြည်ဖျက်မိစ္ဆာတွေရဲ့ အလုံးစုံပျက်သုဉ်းရေးစီမံကိန်းကြီးကို အကြောင်းပြုပြီး ကိုယ်ကျိုးစီးပွားရှာနေကြခြင်းကြောင့်လား ဆိုတာကို မေးခွန်းထုတ်လိုက်ရင်း နိဂုံးချုပ်လိုက်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment