တရားမဝင် Online လောင်းကစားလုပ်ကိုင်သူ မြန်မာနိုင်ငံသား(၁၂)ဦးနှင့် တရုတ်နိုင်ငံသား(၂၉၅)ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားမဝင် Online လောင်းကစားလုပ်ကိုင်သူ မြန်မာနိုင်ငံသား(၁၂)ဦးနှင့် တရုတ်နိုင်ငံသား(၂၉၅)ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ





နေပြည်တော်၊ ဇူလိုင် ၁

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက် နံနက် ၁ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်‌များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြား၊ ၁၁၇ လမ်းရှိ ကိုထင်ရှမ်း၏နေအိမ်တွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့သည်။

ထိုသို့ ဝင်ရောက်ရှာဖွေရာတွင် နေအိမ်အပေါ်ဆုံးထပ်ရှိ ဧည့်ခန်းအတွင်း၌ Online လောင်းကစားပြုလုပ်ရန်အတွက် အငှားထားသောအိမ်ပိုင်ရှင်ဖြစ်သူ ထင်ရှမ်း(၃၂)နှစ် (ဘ)ဦးအောင်နိုင်နှင့် တရားမဝင် Online လောင်းကစားလုပ်ငန်းလုပ်ကိုင်နေသူများဖြစ်ကြသည့် ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင် ရပ်ကွက်နေမန်နေဂျာ ရန်ဝင်းမြင့်(ခ) ကျန်ဝမ်ရီ(၂၁)နှစ် (ဘ)ဦးကျော်ဝင်း၊ လောက်ကိုင်မြို့နယ်၊ ကျုံးရှန်ကျေးရွာနေ ကြီးကြပ်လုပ်ကိုင်သူ လော်ကျင်းကျွမ်(၂၆)နှစ်(ဘ)ဦးလော်ဆုရောင်းနှင့် လောင်းကစားဂိမ်းဝန်ထမ်းများဖြစ်ကြသည့် တာမိုးညဲမြို့၊ အမှတ်(၄)ရပ်ကွက်နေ ဇင်မာထွေး(ခ)ရင်ရုံ(၁၉)နှစ် (ဘ)ဦးမကျင်အမ်းပါ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၈)ဦး၊ စုစုပေါင်း အိမ်ရှင်(၁)ဦးအပါအဝင် တရားခံ (၁၂)ဦးတို့အား တရားမဝင် Online လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် Laptop မျိုးစုံ (၆)လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ(၆၃)လုံး၊ မြန်မာငွေစက္ကူ(၁၁၀)သိန်းကျပ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၆)ခု၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

အလားတူ ဇွန်လ ၂၈ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ပါဆတ်ရပ်ကွက်၊ လွန်းကျိုင်းလမ်း၊ အိမ်အမှတ်(မ-၃/၂၃၂)တွင် တရုတ်နိုင်ငံသားများ ခိုအောင်းနေထိုင်ပြီး တရားမဝင် Online လောင်းကစားများလုပ်ကိုင်လျက်ရှိကြောင်း သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်း အထောက်အထားတစ်စုံတစ်ရာမပါရှိဘဲ တရားမဝင်ရောက်ရှိနေသည့် တရုတ်နိုင်ငံသား အမျိုးသား(၂၈၈)ဦး၊ အမျိုးသမီး(၇)ဦး၊ စုစုပေါင်း(၂၉၅)ဦးတို့အား Online လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်းမျိုးစုံ(၉၀၀)လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်များတွင် ဖမ်းဆီးရမိထားသည့် တရားမဝင် Online လောင်းကစားလုပ်ကိုင်သူ မြန်မာနိုင်ငံသား(၁၂)ဦးနှင့် တရုတ်နိုင်ငံသား(၂၉၅)ဦးတို့အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးလိုအပ်သော စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပိုရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)