တိုကျို၊ ဇူလိုင် ၂၂
ဖူကုအိုကာမြို့ရှိ Asia-Pacific Children’s Convention (APCC) မှ ကြီးမှူး၍ နိုင်ငံတကာကလေးသူငယ်များ ချစ်ကြည်ရင်းနှီးမှုဖလှယ်ရေးစီမံချက်အဖြစ် ကျင်းပသည့် Bridge Kids Summer Camp Program ၏ နိုင်ငံတကာကလေးများ၏ဖျော်ဖြေပွဲဖြစ်သော “We are the BRIDGE Festival 2024” အား ၁၉-၇-၂၀၂၄ ရက်နေ့တွင် ဖူကုအိုကာမြို့ရှိ Lalaport Fukuoka ပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့ရာ သံအမတ်ကြီးဦးစိုးဟန် ပါဝင်တက်ရောက်ခဲ့သည်။
ဂျပန်နှင့်နိုင်ငံတကာကျောင်းသားကျောင်းသူများအကြား ချစ်ကြည်ရင်းနှီးမှုဖလှယ်သည့် အဆိုပါပွဲတော်နှင့် Bridge Kids Summer Camp အစီအစဉ်သို့ ဂျပန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်မှ ၁၁-၁၂ နှစ်အရွယ် ကလေးများပါဝင်ခဲ့ပြီး၊ မြန်မာနိုင်ငံအနေဖြင့် ရန်ကုန်မြို့ရှိ အ.ထ.က (၁) ဒဂုံ၊ ကမာရွတ်လေ့ကျင့်ရေးကျောင်းနှင့် အောင်ဆန်းသူရိယလှသောင်းကျောင်း တို့မှ ကျောင်းသား/ ကျောင်းသူ (၄) ဦးတို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
ခရီးစဉ်အတွင်း သံအမတ်ကြီးဦးစိုးဟန်သည် ကူမာမိုတိုမြို့ရှိ ကိုတိုကောလိပ်သို့ သွားရောက်လေ့လာခဲ့ပါသည်။ ထို့အပြင် သံအမတ်ကြီးသည် ကူမာမိုတိုမြို့ရှိ ဒေသန္တရ လွှတ်တော် အမတ်၊ ကျူရှုး-မြန်မာချစ်ကြည်ရေး အသင်းအဖွဲ့ဝင်များနှင့် မြန်မာအလုပ်သင် အလုပ်သမားများအား လက်ခံထားရှိသော ဂျပန်လုပ်ငန်းရှင်များနှင့် ဂျပန်သက်ကြီး ဘိုးဘွားရိပ်သာ စောင့်ရှောက် ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ မြန်မာနှင့်ကူမာမိုတိုပြည်နယ် တို့အကြား ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ မြန်မာအလုပ်သင်အလုပ်သမားများ ခေါ်ယူဆောင်ရွက်နေမှု အခြေအနေနှင့် မြန်မာသံရုံးမှ လိုအပ်သည့် ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
Join - https://t.me/MyanmarNationalPost



No comments:
Post a Comment