မော်စကို၊ သြဂုတ် ၁၅
ရုရှားနိုင်ငံ Belgorod ပြည်နယ် အရေးပေါ်အခြေအနေသို့ရောက်ရှိကြောင်း ယင်းပြည်နယ်အုပ်ချုပ်ရေးမှူး Vyacheslav Gladkov က သြဂုတ် ၁၄ ရက်တွင် ကြေညာခဲ့သည်။
Belgorod ပြည်နယ်၏ လက်ရှိအခြေအနေသည် လွန်စွာ တင်းမာပြီး ရှုပ်ထွေးနေကြောင်း၊ ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့များသည် နေ့တိုင်း အမြောက်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခြင်းကြောင့် နေအိမ်များပျက်စီးပြီး အရပ်သားများ ထိခိုက်သေဆုံးခဲ့ရကြောင်း ထိုနေ့ လူမှုမီဒီယာပေါ်တွင် ထုတ်ပြန်သည့် ဗီဒီယိုမိန့်ခွန်း၌ Vyacheslav Gladkov က ပြောကြားခဲ့သည်။ ထို့ကြောင့် Belgorod ပြည်နယ်သည် ဩဂုတ် ၁၄ ရက်မှစ၍ ယင်းပြည်နယ်တစ်ခုလုံး ဒေသအဆင့် အရေးပေါ်အခြေအနေ ကျင့်သုံးခဲ့ရကြောင်း၊ ၎င်းရည်ရွယ်ချက်မှာ ဒေသခံများအပေါ် ကာကွယ်မှုအားကောင်းစေရန် နှင့် ဒုက္ခသည်များအား ထပ်တိုးအကူအညီများပေးရန်ဖြစ်ကြောင်း သိရသည်။
Belgorod ပြည်နယ်၏ လက်ရှိ ဒေသအဆင့် အရေးပေါ်အခြေအနေအား ဖက်ဒရယ်အဆင့် အရေးပေါ်အခြေအနေအဖြစ် အဆင့်မြှင့်တင်ရန် ယင်းပြည်နယ်အစိုးရက ရုရှားနိုင်ငံ ဖက်ဒရယ်အစိုးရ၏ သက်ဆိုင်ရာကော်မတီထံ တောင်းဆိုမည်ဖြစ်ကြောင်း Gladkov က ပြောကြားခဲ့သည်။
Ref - (Xinhua)
#MyanmarNationalPost

No comments:
Post a Comment