Pages

Pages

စေတုတ္တရာမြို့နယ်၌ ဆီမီးချောင်းရေလျှံမှုကြောင့် ပြည်သူများ ဘေးလွတ်ရာပြောင်းရွှေ့




စေတုတ္တရာ ၊  ဩဂုတ် ၂


မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၌ ဇူလိုင်လတတိယပတ်၊ စတုတ္တပတ်များတွင် မိုးများအဆက်မပြတ် ရွာသွန်းလျက်ရှိရာ ဩဂုတ်လ (၁) ရက်နေ့တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆီမီးချောင်းရေမှ ရေလျှံမှုများဖြစ်ပေါ်ရာ မြို့ပေါ်ရေဝင်ရောက်သည် အမှတ် (၁) ရပ်ကွက် ဒေသခံပြည်သူ့အချို့မှာ ရေဘေးလွတ်ရာနေရာများသို့ ယ‌မန်နေ့ညနေပိုင်းက ယာယီပြောင်းရွှေ့ကြသည်။


ဆီမီးချောင်းရေလျှံကာရေဝင်ရောက်မှုရှိသော အမှတ် (၁) ဝ‌ဏ္ဏ၊ သီဟရပ်ကွက် ဒေသခံပြည်သူများမှာ ရေလွတ်ရာနီးစပ်ရာဆွေမျိုးများထံ ယာယီပြောင်းရွှေ့ကြပြီး အဆိုပါရေဝင် အိမ်အချို့မှ ရေလွတ်ရာသို့ ယာယီပြောင်းရွှေ့ကြရာတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေး အဖွဲ့ကြီးကြပ်မှု၊ မြို့နယ်မီးသတ်တပ်ဖွဲ့အင်အား(၂၃)ဦး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များသည်ပြည်သူ့များ၏ ပစ္စည်းများသယ်ယူပို့ဆောင်ခြင်း၊ လမ်းမပေါ်ရေဝပ်ရာနေရာတွင် အမှိုက်များပိတ်ဆို့မှု မရှိစေရန်ဖယ်ရှားရှင်းလင်းခြင်းနှင့် လိုအပ်သည်ကူညီမှုများကို ဆောင်ရွက်ပေးကြောင်း သိရသည်။


ဝင်းအိမွန်

https://t.me/MyanmarNationalPost

No comments:

Post a Comment