Pages

Pages

ညောင်ရွှေမြို့ အခြေခံပညာအထက်တန်းကျောင်း(ခေါင်တိုင်)၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

 




ညောင်ရွှေ  ၊  ဩဂုတ်  ၂


ကျောင်းသားလူငယ်လေးများ စကားပြောစွမ်းရည်တိုးတက်လာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများရရှိစေရန်နှင့် ပရိတ်သတ်များအလယ်တွင် ပြောဆိုဆွေးနွေးတတ်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်စကားဝိုင်းဆွေနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ခေါင်တိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က လူငယ်စကားဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် လူငယ်စကားဝိုင်းကို စတင်ရာ “လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စည်းကမ်း၊ လူငယ်နှင့်ရွေးချယ်မှု” ခေါင်းစဉ်များဖြင့်  ကျောင်းသား၊ ကျောင်းသူလေးများက ဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။


၎င်းနောက် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာလာဝင်းက ကလေးသူငယ်များ ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအကြောင်းကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရသည်။


စိုင်းအယ်ဘဲ

https://t.me/MyanmarNationalPost

No comments:

Post a Comment