Pages

Pages

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ယာယီနေရပ်စွန့်ခွာသူ ပြည်သူများအတွက် အလှူငွေ ပေးအပ်





တာချီလိတ်၊ ဩဂုတ် ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ယာယီနေရပ်စွန့်ခွာသူ ပြည်သူများအတွက် အလှူငွေများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ ခရိုင်နှင့်မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့မိ၊ မြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ခရိုင်အဆင့်ဌာနဆိုင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက အလှူငွေကျပ် (၂၀၈၀) သိန်းကို ပေးအပ်လှူဒါန်းရာ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမင်းကိုနှင့် နယ်မြေခံတပ်နယ်မှ ခေတ္တဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဝဏ္ဍဆန်းတို့က လက်ခံရယူပြီး ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမင်းကိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment