Pages

Pages

ထိုင်ဝမ်သည် လွန်ခဲ့သည့်နေ့တွင် တရုတ် PLA လေယာဉ် ၁၈ စင်း၊ သင်္ဘောကိုးစင်း၏ ချဉ်းကပ်မှုကို မှတ်တမ်းတင်


ဟောင်ကောင်၊ သြဂုတ် ၉

ထိုင်ဝမ်စစ်တပ်သည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ လေယာဉ် ၁၈ စင်းနှင့် PLA ရေတပ်၏ စစ်သင်္ဘော ၉ စင်းတို့၏ ချဉ်းကပ်မှုကို ယမန်နေ့က စောင့်ကြည့် မှတ်ပုံရယူခဲ့ကြောင်း ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

လေယာဉ် ၁၂ စင်းသည် ထိုင်ဝမ်ရေလက်ကြား၏ အလယ်မျဉ်းကိုဖြတ်ကျော်ကာ ထိုင်ဝမ်၏ အနောက်တောင်ပိုင်းနှင့် အရှေ့တောင်ဘက်လေပိုင်နက်ရှိ ကျွန်း၏ လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန်သို့ ပျံသန်းခဲ့သည်။

လေယာဉ်၊ ရေယာဉ်များနှင့် မြေပြင်အခြေစိုက် လေကြောင်းရန် ကာကွယ်ရေးစနစ်များကို ထိုင်ဝမ်တပ်မတော်က စောင့်ကြည့်ရန် စေလွှတ်ခဲ့သည်။

ပေကျင်းသည် ထိုင်ဝမ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်သည်။


Ref - Tass

#MyanmarNationalPost

No comments:

Post a Comment