၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ မှော်ဘီ၊ မင်္ဂလာဒုံ၊ လှည်းကူးခရိုင်အဆင့်ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ မှော်ဘီ၊ မင်္ဂလာဒုံ၊ လှည်းကူးခရိုင်အဆင့်ဖွင့်ပွဲအခမ်းအနားကျင်းပ

 




ရန်ကုန်၊ဩဂုတ်(၃၀)ရက်


        (၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ(၃၀)ရက်နေ့၊နံနက်ပိုင်းကမရမ်းကုန်းမြို့ နယ်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ရန်ကုန်တိုင်း ဒေသကြီးမှော်ဘီ၊ မင်္ဂလာဒုံနှင့် လှည်းကူးခရိုင်တို့ပူး ပေါင်း၍ကျင်းပပြုလုပ်ခဲ့ကြသည်။


        ဦးစွာ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီ၊ မင်္ဂလာဒုံနှင့်လှည်းကူးခရိုင်တို့၏  (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် အဆို၊အက၊အရေး၊အတီး (ခရိုင်အဆင့်)ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ  မှော်ဘီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်က အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲကို မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးမြင့်နိုင်၊ မင်္ဂလာဒုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကောင်းညွန့်၊ လှည်းကူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးအောင်ဝင်းထူး၊ အဆိုအကဲဖြတ်ဒိုင် ဦးသန်းထွန်းလေး  နှင့် တက္ကသိုလ်လဲ့လဲ့၊  အကအကဲဖြတ်ဒိုင် ဒေါ်နွဲ့နွဲ့စန်းနှင့် ဒေါ်နုနုစိန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။


  ထို့နောက် (၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊အက၊အရေး၊အတီးပြိုင်ပွဲခရိုင်အဆင့်ပြိုင်ပွဲကိုကျင်းပပြုလုပ်ခဲ့ကြရာပြိုင်ပွဲသို့မှော်ဘီခရိုင်၊မင်္ဂလာဒုံခရိုင်နှင့်လှည်းကူးခ ရိုင်တို့မှကိုယ်စားပြုမြို့နယ်များဖြစ်ကြသည့် မှော်ဘီမြို့နယ်၊ထန်းတပင်မြို့နယ်၊လှည်းကူးမြို့ နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့ မှဘာသာရပ်(၁၇)မျိုးအတွက်အဆိုပြိုင်ပွဲဝင်(၂၉) ဦး၊ အကပြိုင်ပွဲဝင် (၄)ဦး၊ အရေးပြိုင်ပွဲဝင်(၄)ဦး နှင့်အတီးပြိုင်ပွဲဝင်(၅၁)ဦးစုစုပေါင်း(၈၉)ဦးတို့မှ သက်ဆိုင်ရာဘာသာရပ်ပြိုင်ပွဲအမျိုးအစားများအလိုက်ခရိုင်အဆင့်အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ များသို့ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီးဆုရရှိသူများကိုလည်းတာဝန်ရှိသူများကဆုများအသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။


ဝင်းဇော်(မှော်ဘီ)


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)