ပုသိမ်ခရိုင်အဆင့်(၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်ခရိုင်အဆင့်(၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

 



ပုသိမ် ၊  ဩဂုတ် ၁၈


မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားကို ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရည်မွန်၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး စောအောင်သိုက်၊ အဖွဲ့ဝင်(၂)ဦးမောင်မောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရည်မွန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပညာအလင်္ကာတေးဂီတအဖွဲ့မှ ဂုဏ်ပြုပန်းတိုင် ဧရာဝတီသီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့သည်။


ပုသိမ်ခရိုင်အဆင့်ပြိုင်ပွဲတွင် ပုသိမ်၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ငပုတောမြို့နယ်များမှ အဆို (၁၃)ဦး၊ အက(၆)ဦး၊ ရုပ်သေး(၁)ဦး၊ ကဗျာလွတ် (၄)ဖွဲ့၊ အရေး(၃)ဦး၊ အတီး(၂၁)ဦး၊ အဖွဲ့လိုက်(၄)ဖွဲ့၊ စုစုပေါင်းပြိုင်ပွဲဝင် (၁၄၀)ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။


လှမင်းထွဋ် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)