ရွှေတောင် ၊ သြဂုတ် ၁၉
ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက စာရေးဆရာမ ဒေါက်တာမတင်ဝင်းရေးသားထားသည့်" လွတ်လပ်ပေါ့ပါးသောစိတ်ထားရှိပါစေ"စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club ဥက္ကဌ စာရေးဆရာမကြီး ဒေါ်ခင်ယုနိုင် ( အေပရယ်ယုနိုင်)ရွှေတောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်မှ ရွှေတောင်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စာဖတ်ရှိန်မြင့်မားလာစေရန်၊ စာပေမှဗဟုသုတများရရှိစေရန်၊ စာပေဖတ်ရှုခြင်းမှ စာရေးသူများတိုးပွားလာစေရန်စသည့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာမ ဒေါက်တာမတင်ဝင်းရေးသားထားသည့်" လွတ်လပ်ပေါ့ပါးသောစိတ်ထားရှိပါစေ" စာအုပ်မှ စာအုပ်ပါအကြောင်းအရာများကို ဒေါ်ခင်ယုနိုင် ( အေပရယ်ယုနိုင်)ရွှေတောင်၊
ဦးဇော်မင်း ( အငြိမ်းစား - ပညာရေး)၊ ဦးအုန်းမောင် ( မောင်အေးငြိမ်း - သရက်) တို့မှ ဦးဆောင် ဆွေးနွေးခဲ့ကြပြီး စာပေချစ်မြတ်နိုးသူများအသင်း Book Club အသင်းဝင်များ မှ သက်ဆိုင်ရာ ခေါင်းစဉ်ကဏ္ဍများအလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment