အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာအုပ်စု၊ သာလှအေးကျေးရွာတွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာအုပ်စု၊ သာလှအေးကျေးရွာတွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုအား ကွင်းဆင်းစစ်ဆေး




အမရပူရ  ၊  သြဂုတ် ၁၉


မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာအုပ်စု၊ သာလှအေးကျေးရွာ၊ ကွင်းအမှတ် (၅၇၀-စ)ကွင်းအတွင်းရှိ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးလျှက်ရှိသော တောင်သူဒေါ်တင်အေး၏ လယ်နှင့်စပါးစိုက်ပျိုးနိုင်ရန် စက်မှုလယ်ယာဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးသည့် စက်ယန္တရားများဖြင့် ထွန်ယက်နေသည့် တောင်သူဒေါ်မာမာအေး၏လယ်မြေများအား ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။


အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် အမရပူရမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေါက်တာမိုးဆွေရီ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူး ဦးဆယ်တင်၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးဇော်ဝင်း၊ စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးမှူး ဦးသွင်မောင်မောင်ထွန်းတို့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး  ရေအရင်း အမြစ်ဦးစီးဌာနမှ ပံ့ပိုးကူညီထားသည့် solar pump ဖြင့် စပါးပျိုးခင်းရေများ ရေတင်ထားရှိမှုအခြေအနေတို့အား ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


စိုးသီဟ(အမရ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)