ဘိုကလေး ၊ ဩဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်ကျောင်းသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယနေ့နံနက်(၉)နာရီအချိန်တွင် ကွင်းဆင်း၍ အသက်(၁၆)နှစ်နှင့်အထက် တစ်ကြိမ်တစ်ခါမျှ နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ဖူးခြင်း မရှိသေးသော ကျောင်းသား/သူများအား ပန်းခင်းစီမံချက်(၃)အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ် ဆောင်ရွက်ပေးခဲ့သည်။
နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ရာတွင် လိုအပ်သော ထောက်ခံဆောင်ရွက်မှုများ ပြုလုပ်ပေးနိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခြင်းနှင့် တစ်ပြိုင်နက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က ယခုနှစ် အောက်တိုဘာ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကောက်ယူဆောင်ရွက်ကြမည့် (၂၀၂၄)ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာများအား ဆရာ/မများနှင့် ကျောင်းသား/သူများအား အသိပညာပေး ဟောပြောကာ ၎င်းနှင့် စပ်လျဉ်းသည့် အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုးစက်
https://t.me/MyanmarNationalPost
No comments:
Post a Comment