သဲကုန်း၊ သြဂုတ် ၂၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက် (၉)နာရီက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ(အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
သဲကုန်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ ကျန်းမာရေးတိုးတက် ကောင်းမွန်စေရေး၊ ရောဂါများဖြစ်ပွားနေပါက စောလျင်စွာ ကုသခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများမဖြစ်ပေါ်စေရေး၊ ဆောင်ရန်/ရှောင်ရန်များအား သေချာစွာ သိရှိနားလည်ပြီး သက်တမ်းစေ့နေထိုင်သွားနိုင်စေရန် မြို့နယ်ဆရာဝန်ကြီးဒေါက်တာ ဦးစိုးမင်းထွေးဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက နိုင်ငံတော်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား နှလုံး၊ သွေးတိုး၊ ဆီးချိုစသည့် ကျန်းမာရေးဆိုင်ရာရောဂါများကို စစ်ဆေးပေးခြင်း၊ ဆေးကုသမှုပေးခြင်း၊ ဆေးဝါးများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် လိုအပ်သည့်ကျန်းမာရေးဆေးကုသခြင်းများများကို (အခမဲ့) စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment