ရေစကြိုမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်ဖျက်မိစ္ဆာ နီပိန်း ပဒက်များ ပစ်ခတ်မှုများ ဖြစ်ပေါ်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေစကြိုမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်ဖျက်မိစ္ဆာ နီပိန်း ပဒက်များ ပစ်ခတ်မှုများ ဖြစ်ပေါ်လျက်ရှိ

 


ရေစကြို၊ သြဂုတ် ၃

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကိုရင့်ရွာအနီးဝန်းကျင် ကျေးရွာများတွင် ပြည်ဖျက်မိစ္ဆာ နီပိန်း ပဒက် အကြမ်းဖက်အဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ဒေသခံ၏ ဆက်သွယ်သတင်းပေးပို့ချက်အရ ကိုရင့်ရွာ အနီးဝန်းကျင်တွင် ပစ်ခတ်မှုများ ဖြစ်ပေါ်လျက်ရှိသည်မှာ ၄ရက်ခန့် ရှိပြီဖြစ်ကြောင်း၊ နှောင်ဘရွာ၊ ကိုရင့်ရွာ၊ ကျွန်းရွာ၊ ဟင်္သာကျွန်းရွာ၊ ဇီးကုန်းရွာတို့တွင် ပစ်ခတ်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။

ရေစကြိုမြို့နယ်တွင် ပြည်ဖျက်မိစ္ဆာ နီပိန်း ပဒက်များသည် ၎င်းတို့အား ထောက်ခံအားပေးခြင်းမရှိသော ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မြို့တွင်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုများ၊ အများပြည်သူ သွားလာအသုံးပြုနေသည် လမ်းများတွင် မိုင်းထောင်ဖောက်ခွဲခြင်းများ လုပ်ဆောင်လျက်ရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)