ပေါက်ခေါင်း ၊ ဩဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန အမှတ် (၅၈) စက်မှုလယ်ယာစခန်း၏ ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်ဖြင့် ဗီယက်နမ်မျိုးစပါးအား စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက မစိုးရိမ်ကျေးရွာအုပ်စု၊ မစိုးရိမ်ကျေးရွာ ကွင်းအမှတ်-၇၂၃(A) မတောင့်တကွင်း တောင်သူဦးမိုးမင်း၏ လယ်မြေ(၃)ဧကတွင် ကျင်းပပြုလုပ်သည်။
သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်၊ မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးလှထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမင်းမင်းမင်းထွန်း၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးမှူး ဦးဇော်ဇော်၊ ပေါက်ခေါင်းမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီတာဝန်ရှိသူအဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။
သရုပ်ပြပွဲ၌ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးလှထွန်းက တက်ရောက်လာသူများအား ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုကို လက်တွေ့စိုက်ပျိုးပြသခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ မိုးစပါးစိုက်ပျိုးရာသီတွင် (၄၆၇၅၇)ဧက စိုက်ပျိုးရန်လျာထားလျက်ရှိပြီး၊ ကောက်စိုက်စက်ဖြင့် မိုးစပါးဧက (၄၀)ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment