ပေါင်၊ ဩဂုတ် ၁၂
မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာမှ ရေဘေးသင့်ပြည်သူများသည် မိမိတို့၏နေအိမ်များသို့ ယနေ့ မွန်းလွဲပိုင်းက ပြန်လည်ရောက်ရှိနေထိုင် လျက်ရှိကြောင်းသိရသည်။
ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ လက်ပံကျွန်းကျေးရွာ၌ ဇူလိုင်လ (၂၇) ရက်နေ့ က မိုးသည်း ထန်စွာရွာသွန်းမှုနှင့် သံလွင်မြစ်ရေမြင့်တက်လာမှုတို့ကြောင့် ကျေးရွာ အနိမ့်ပိုင်းများသို့ ရေများဝင်ရောက်ခဲ့ရာအိမ်ထောင်စု(၇၉)စုတို့မှ လူဦးရေ စုစုပေါင်း(၂၇၀)ဦးတို့အား ကျေးရွာအုပ်စု အုပ် ချုပ်ရေးမှူးနှင့်အဖွဲ့တို့မှ အမြင့်ပိုင်းတွင်ရှိသော လက်ပံကျွန်းဘုန်းကြီးကျောင်းသို့ ခေတ္တယာယီ ပြောင်းရွှေ့နေရာချပေးထားခဲ့ကြောင်းသိရသည်။
အဆိုပါ ပြောင်းရွှေ့နေထိုင်ခဲ့သည့် အိမ်ထောင်စု (၇၉)စုတို့မှ လူဦးရေ (၂၇၀)ဦးတို့သည် ယနေ့ မွန်းလွဲ(၁)နာရီ က ရေများကျဆင်းသွားပြီဖြစ်သည့်အတွက် ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း သိရသည်။
မွန်မလေး
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment