ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးတွင် လုံခြုံရေးအစီအမံအရ ပတ်ဝန်းကျင်တွင် CCTV များ တပ်ဆင်ထားပြီး CCTV Duty များ ချထားကာ စီစဉ်ဆောင်ရွက်မှုများရှိသော်လည်း တာဝန်ရှိသူများ၏ ပေါ့လျော့မှု၊ တာဝန်ကျ ဝန်ထမ်းများအနေဖြင့် လုံခြုံရေးဆိုင်ရာ အလေထားခြင်းမရှိ၊ လုံခြုံရေးအပေါ် စိတ်ပင်မဝင်စားသော အပြုအမှုများကြောင့် အစိုးရအဖွဲ့၏ လုံခြုံရေးကျိုးပေါက်နေခြင်း ဖြစ်သည်ဟု မှတ်ယူပါသည်။
ဖော်ပြပါ ပုံများရှိ CCTV ကင်မရာများသည် လွန်ခဲ့သော ဇူလိုင်လကတည်းက ယခုချိန်ထိ ပုံပါအတိုင်း တလွဲဖြစ်နေပါသည်။
အဆိုပါ ကင်မရာများသည် အဓိကလူဝင်ပေါက်များနှင့် လူအသွားအလာများသောနေရာများမှ ကင်မရာများဖြစ်ပါသည်။
ရည်ရွယ်ချက်ရှိရှိ အောက်နှိမ့်ထားသလား ဆိုသည်ကိုတော့ သေချာစုံစမ်း ဖော်ထုတ်စေလိုပါသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ လုံခြုံရေးတာဝန်ရှိသူများက လုံခြုံရေးအပေါ် အလေးထားခြင်း မရှိသည်မှာလည်း အံ့အားသင့်ဖွယ်ရာဖြစ်ပါသည်။ အစိုးရအဖွဲ့ တာဝန်ရှိသူများအနေဖြင့် CCTV အခန်း တာဝန်ရှိသူများ အား စိစစ်၍ ထိုက်သင့်သောအရေးယူဆောင်ရွက်မှု့များ ပြုလုပ်စေလိုပါကြောင်း တာဝန်သိ ပြည်သူတစ်ဦး အနေဖြင့် တင်ပြအပ်ပါသည်။
တာဝန်သိ ပြည်သူတစ်ဦး
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment