ရွှေတောင် ၊ သြဂုတ် ၅
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ၊ရွှေဟင်္သါကျေးရွာအုပ်စု၊စကားမြားကျေးရွာ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအခြေအနေများအား ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကမ်းပါးပြိုကျမှုဖြစ်ပွားသည့်နေရာသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊သက်ဆိုင်ရာရေအရင်း အမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ် သစ်တောဦးစီးဌာနတို့လိုက်ပါ၍ ကမ်းပြိုကမ်းစားဖြစ်ပွားနေမှုအခြေအနေ၊ ရေကြောင်းစီးဆင်းနေမှုအခြေအနေ၊ မြေအမျိုးအစား မြေခိုင်မာမှု ရှိ/ မရှိ အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရွှေဟင်္သါကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၊ရာအိမ်မှူး၊ဆယ်အိမ်မှူး၊ရပ်မိရပ်ဖများနှင့် အစည်းအဝေး ပြုလုပ်၍ ကမ်းပါးပြိုကျမှုမှာ ယခင်နှစ်များတွင်လည်း ဖြစ်ပွားခဲ့ပြီး ယခုထပ်မံပြိုကျဖြစ်ပွားခဲ့ရာ ဧရာဝတီမြစ်နှင့် ကိုက်( ၁၀၀) ခန့်သာကွာဝေးသဖြင့် နေထိုင်ရန်အန္တရာယ်ရှိသည့် စကားမြားကျေးရွာ မြောက်ပိုင်းရှိ လူနေအိမ်ခြေ (၂၃) အိမ်၊ အိမ်ထောင်စု ( ၂၃) စုတို့ရှိ လူဦးရေ (၇၉) ဦးတို့အားဘေးလွတ်ကင်းရာ ကျေးရွာတောင်ပိုင်းသို့ ယာယီပြောင်းရွေ့နေထိုင်နိုင်ရေးစီစဥ်ဆောင်ရွက်ပေးခဲ့သည်။ယာယီပြောင်းရွေ့နေထိုင်သူများ၏ နေထိုင်မှု စားဝတ်နေရေးတို့အား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက
စီစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment