လွိုင်ကော်မြို့၌ ၂၀၂၄ ခုနှစ် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်ကော်မြို့၌ ၂၀၂၄ ခုနှစ် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

 


လွိုင်ကော် ၊  သြဂုတ် ၂၄


ကယားပြည်နယ်အတွင်း ဌာနဆိုင်ရာဝန်ထမ်းများ ကျန်းမာကြံ့ခိုင်ပြီး လုပ်ငန်းခွင်တွင် ပျော်မွေ့သော ဝန်ထမ်းများဖြစ်လာစေရန်၊ ဌာနဆိုင်ရာဝန်ထမ်းများ၏ လုပ်အားစွမ်းပကား တိုးတက်မြင့်မားလာစေရန်၊ လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုလျော့နည်းပြီး ဌာနဆိုင်ရာအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ၂၀၂၄ ခုနှစ် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်) ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းနေရာယူပြီး စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြသည်။


ယင်းနောက် ကယားပြည်နယ်ဝန်ကြီချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ ကာကွယ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ အားကစားနှင့် ယဉ်ကျေးမှုများဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျန်းမာသန်စွမ်းသော နိုင်ငံ့ဝန်ထမ်းများဖြင့်သာ တည်ဆောက်နိုင်မည်ဖြစ်သည့်အတွက် စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်သူများဖြစ်လာစေရန်၊ အားကစားကို လေ့ကျင့်လိုက်စားခြင်းအားဖြင့် ကျန်းမာကြံ့ခိုင်ပြီး စိတ်ရွင်လန်းဆန်း၍ ဉာဏ်ရည်မြင့်မားစေရန်၊ မိမိကိုယ်မိမိ ယုံကြည်မှုမြင့်မားပြီး မိတ်ဆွေသင်္ဂဟပေါများခြင်း စသည့်ကောင်းကျိုးများစွာကို ရရှိမည်ဖြစ်ပြီး ပြည်နယ်အတွင်းတာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအနေဖြင့် ယခုလို ဘောလုံးပြိုင်ပွဲတွင် စည်းစည်းလုံးလုံးညီညီညွတ်ညွတ် သိုက်သိုက်ဝန်းဝန်းဖြင့် ပူးပေါင်းပါဝင်ယှဉ်ပြိုင်ပေးခဲ့သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ပြိုင်ပွဲတွင်လည်း အားကစားသမားများအနေဖြင့် အားကစားစိတ်ဓတ်ကိုအရင်းခံပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအတိုင်း သန့်ရှင်းစွာယှဉ်ပြိုင် ကစားသွားကြရန်၊ အချင်းချင်း ချစ်ခင်ရင်းနှီးပျော်ရွင်စွာဖြင့် မိမိတို့၏ အားကစားအရည်အချင်းများကို ထုတ်ဖော်ပြသ ယှဉ်ပြိုင်ကစားကြရန်တို့ကို တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့သည်။


ယင်းနောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ကြကာ လေ့ကျင့်ရေးဘောလုံးများ ပေးအပ်ခဲ့သည်။


၎င်းနောက် အားကစားသမားများ ကွင်းအတွင်းမှပြန်လည်ထွက်ခွာပြီး ဖွင့်ပွဲနေ့ ပြိုင်ပွဲအဖြစ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဘောလုံးအသင်းနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ကြည့်ရှုအားပေးခဲ့ကြသည်။


အဆိုပါ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပြည်နယ်အစိုးရကွပ်ကဲမှုအောက်ရှိ ဌာနဆိုင်ရာတန်ထမ်းများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သည့်  ပြိုင်ပွဲဝင်ဘောလုံးအသင်း (၈)သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဆုရရှိသည့်အသင်းများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)