ပြည်သူလူထု၏ လုံခြုံရေးအတွက် အကာအကွယ်ပေးရန် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) မေတ္တာရပ်ခံချက် ထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်သူလူထု၏ လုံခြုံရေးအတွက် အကာအကွယ်ပေးရန် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) မေတ္တာရပ်ခံချက် ထုတ်ပြန်


ရန်ကုန်၊ သြဂုတ် ၁၂

ရှမ်းပြည်မြောက်ပိုင်းအပါအဝင် စစ်ဖြစ်ပွားနေသော ဒေသများရှိ ပြည်သူလူထု၏ အသက်၊ အိုးအိမ်များ ဆိုးရွားစွာ ထိခိုက်နေရသည့်အတွက် ကြီးစွာ စိတ်မကောင်းဖြစ်ရပြီး အကာအကွယ်ပေးရန် မေတ္တာရပ်ခံချက်ကို ယနေ့ (၁၂-၈-၂၀၂၄) ရက်စွဲဖြင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) က ထုတ်ပြန်ထားသည်။

NDF ပါတီ၏ ထုတ်ပြန်ချက်တွင် သောင်းကျန်းသူအဖွဲ့များက နယ်မြေသိမ်းတိုက်ပွဲများ ဖော်ဆောင်နေပြီး ပြည်သူများအပေါ် ဆိုးရွားသော စစ်ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း၊ တာဝန်ရှိသော တပ်မတော်သည် အနည်းဆုံးအင်အား အနိမ့်ဆုံးအဆင့် ဆိုသော မူဝါဒဖြင့် တုန့်ပြန်နေခြင်းကြောင့် ထိခိုက်ဆုံးရှုံးမှုများ ပိုမိုမြင့်တက်ရသည်ဟု  ပြည်သူများ ကြားတွင် ဝေဖန်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ထောက်ပြပြောဆိုထားသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)