ရေတာရှည်၊ စက်တင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စက်တင်ဘာလ(၁၁)ရက်မှ (၁၉)ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့တွင် ရေကြီးနှစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့်ကျေးရွာများမှ ပြည်သူများအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းညီညီထွန်းနှင့်ဝန်ထမ်းများက အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းကို မြို့နယ်ဦးစီးမှူးရုံးတွင် ပြန်လည် ဆောင်ရွက်ပေးလျက်ရှိသည်။
ရေတာရှည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် လူမှုဘဝပြည့်စုံစေရန်နှင့် ပြည်သူများအား အခက်အခဲမရှိစေရန်အတွက် ရေဘေးကြောင့်ဆုံးရှုံးသွားသည့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးခြင်းဖြစ်ပြီး စက်ရုံကျောင်းကျေးရွာရှိ အိမ်ထောင်စုစာရင်း (၂၅၀) ခု၊ နိုင်ငံသားကတ် (၃၆၀) ကတ်တို့အား ဆောင်ရွက်ပေးခဲ့ကြပြီး ကျန်ရှိသည့်ကျေးရွာများတွင်လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment