ထားဝယ် ၊ စက်တင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ကောင်းရာကောင်းကျိုးကိုလားသည့် ပြည်သူ့စစ်များနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်၊ ဥဿရံတိုးချဲ့မြို့၊ သစ်ရပ်ရှိ၊ ငွေပုလဲ(၃)စစ်မှုထမ်းအိမ်ယာနေ ပြည်သူ့စစ်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အများပြည်သူများ အေးချမ်းစွာအိပ်စက်နိုင်ရေး၊ သွားလာနိုင်စေရေးအတွက် အသက်ပေးကာကွယ်နေသော ပြည်သူ့စစ်နှင့်မိသားစုဝင်များ နေထိုင်နေသောအိမ်ယာများအား ကြည့်ရှုပြီး တာဝန်ရှိသူများက အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်နှင့်ဆီအား အိမ်ထောင်စုအလိုက် ထောက်ပံ့အပ်သည်။
တနင်္သာရီတိုဒေသကြီးရှိ မြို့နယ်များတွင် အကြမ်းဖက်အဖွဲ့အစည်းများက ပြည်သူများအား အကြောင်းမဲ့စွာ လုပ်ကြံသတ်ဖြတ်ဖမ်းဆီးနေသည်အတွက် ပြည်သူ့ စစ်များက တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် မိမိသဘောဆန္ဒအလျောက် တာဝန်ထမ်းဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ကျော်လတ်
https://t.me/MyanmarNationalPost
No comments:
Post a Comment