အမ်း၊ အောက်တိုဘာ ၃၁
ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် ယနေ့ နံနက်ပိုင်း ၆ နာရီဝန်းကျင်းမှ စတင်၍ AA အကြမ်းဖက်သမားများ ခိုလှုံရာနေရာများကို လေကြောင်းမှ ရှင်းလင်းဆောင်ရွက်နေကြောင်း တပ်မတော်သတင်းအရင်းမြစ်များ၏ ဖော်ပြချက် အရ သိရသည်။
(၂/၃၀၀)တပ်ဆေးရုံအတွင်း ဝင်ရောက်ခိုအောင်းနေသည့် AA အကြမ်းဖက်သောင်းကျန်းသူများ ရှိနေသည့် အဆောက်အဦးများအား ယနေ့နံနက် အစောပိုင်း ၁ နာရီခန့်က ဂျက်လေယာဉ် ၃ စီးဖြင့် တစ်ပြိုင်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် AA အကြမ်းဖက်သောင်းကျန်းသူများ သေဆုံး/ဒဏ်ရာရမှု များစွာရှိကြောင်း၊ ယနေ့နံနက် အဆိုပါနေရာမှ အလောင်းနှင့် လူနာများအား ဆေးရုံအတွင်းမှ သယ်ထုတ်လာစဉ် တပ်စစ်ကြောင်းမှ ပိတ်စို့တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ရခိုင်/ချင်း နယ်စပ်ရှိ ကျင်ဒွေးမြို့မှ AA အကြမ်းဖက်သောင်းကျန်းသူများရှိရာ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ တရားမဝင်ကုန်ပစ္စည်းများ ပို့ဆောင်နေသော AA အဖွဲ့၏ ကုန်သိုလှောင်ရာနေရာများ၊ ဂိတ်များနှင့် စခန်းများအား ယမန်နေ့ညက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ကြားသိရပါသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment